Monday, March 11, 2013

နိုင်ငံရေးဆိုတာ ကိုယ့်နိုင်ငံ ကောင်းဖို့အတွက်လုပ်တာ ဘာမှကြောက်စရာမလိုဘူး (မစိုးရိမ်တိုက်သစ် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ)

ဒက္ခံ ဂဟပတိ သာဓု။
မင်းတို့ ဘုရားရှင်က လူဆိုတာ နိုင်ငံရေးလဲ အမြင်ကျယ်ရမယ်၊ စီးပွားရေးလဲ အမြင်ကျယ်ရမယ်၊ ကျန်းမာရေးလဲ အမြင်ကျယ်ရမယ်တဲ့။ အဲသလို အဖက်ဖက် အမြင်ကျယ်တာဟာ ကောင်းတယ်တဲ့။     အဲဒါ ဒို့ ဗမာပြည်သူ ပြည်သားတွေ မင်းတို့ အဖက်ဖက်က အမြင်ကျယ်အောင် ကြိုးစားကြဘို့ လိုတယ်  ဗျာ။ အခုတော့ မင်းတို့ ဗမာပြည်ဖြစ်နေတာ အစိုးရကလဲ ကြောက်လိုက်ရတဲ့ နိုင်ငံရေး၊ ဟုတ်လား၊ ဘာကြောက်မှန်း မသိဘူး၊ နိုင်ငံရေးဆိုတာ ကြောက်စရာမှ မဟုတ်ဘဲ၊ ကိုယ့်နိုင်ငံ ကောင်းဖို့အတွက် လုပ်တာ ဘာမှ ကြောက်စရာ မလိုဘူး၊ အဲဒါကို မင်းတို့ အစိုးရကလဲ ကြောက်လိုက်တာ နိုင်ငံရေး။ လူထုကလည်း နိုင်ငံရေးဆိုတာ ဘာမှ နားမလည်ဘူး၊ ဒီတော့ အကျိုးတရားက ဘာရလဲ၊ မကောင်းတဲ့ အကျိုးတရားရတာပေါ့၊ နိုင်ငံခြားက လမ်းတွေ စံချိန်မီအောင် မကောင်းဘူးလား၊ မင်းတို့ ဗမာပြည်က လမ်းတွေ စံချိန်မီတယ်လို့ ပြောလို့ရလား၊ မရသေးဘူး၊ လျှပ်စစ်မီး မလုံလောက်သေးဘူး၊ကွ၊ လုံလောက်ရဲ့လား၊ အေး အဲဒါ မှတ်ထား၊ နိုင်ငံရေး အမြင်မကျယ်တာ ခေါ်တယ်၊
ဘုရားရှင်က အဖက်ဖက်က အမြင်ကျယ်စေချင်တာ၊ အုပ်ချုပ်သူရော အုပ်ချုပ်ခံ လူတန်းစားရော အဖက်ဖက်က အမြင်ကျယ်အောင် လုပ်ဖို့လိုတယ်။

မစိုးရိမ်တိုက်သစ်ကြီးများ၏
ပဓာနမဟာနာယကချုပ်ဆရာတော်
ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ
(အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)

၁၃၇၃-ခု၊ ၀ါဆိုလကွယ်နေ့ (ကိုယ်တိုင်ရေးသား စာပေများ-မှ)