Wednesday, March 13, 2013

ဒေါ်အောင်ဆန်းစုကြည်နဲ့ မုံရွာဒေသခံတွေ တွေ့ဆုံ

 ၂၀၁၃-၃-၁၃
စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မုံရွာခရိုင် ဒုန်းတောကျေးရွာ မူလတန်းကျောင်းမှာ ဒေသခံတွေနဲ့ တွေ့ဆုံသွားပါတယ်။
အဲဒီ့ တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က - စီမံကိန်းကိုတော့ ဆက်လုပ်မှာ ဖြစ်ကြောင်း၊ တိုင်းပြည်နဲ့လူထု အကျိုးစီးပွားအတွက် ဆောင်ရွက်တာ ဖြစ်ကြောင်း၊ ကော်မရှင်ရဲ့ အကြံပြုချက် တွေကြောင့် သူ့ကို ဒေသခံလူထုက မကျေနပ်ဘူးဆိုရင် ဥပဒေနဲ့ အညီ ဆန္ဒြုပကြဖို့ ပြောဆိုသွားပါတယ်။