(ဆရာတော်ရွှေညဝါ ၊ ဆရာတော် ဒယ်အိုး ၊ ဆရာတော် မေတ္တရှင် ၊ ဆရာတော် တွံတေး
တို့ လည်း ဒီ ကြေငြာချက် နောက်တွင် အတူတကွ ရှိနေကြသည် ) ကျနော်တို့ အားလုံး
ဘုန်းဘုန်း စကားကို နားထောင်ကြပါစို့ . . . )
ရက်စွဲ။ ။ ၁၃၇၄-ခု၊ တပေါင်းလ္ဆန်း(၅)ရက် (၁၆-၃-၂၀၁၂)
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊
လက်ပံတောင်းတောင်၊ ကြေနီစီမံကိန်းနှင့် ပတ်သက်၍၊ စုံစမ်းစစ်ဆေးရေး
ကော်မရှင်၏၊ (၁၂-၃-၂၀၁၃-)ရက်စွဲပါ အပြီးသတ်အစီရင်ခံစာကို
အပြည့်အဝထောက်ခံကြောင်း သဘောထားကြေညာချက်ကို အတိအလင်း
ထုတ်ပြန်ကြေညာအပ်ပါ သည်။
ဦးပဉ္စင်းဝီရသူသည် ၂၀၁၂-ခုနှစ်၊
စက်တင်ဘာလ(၁၀)ရက်နေ့၊ (မသွဲ့သွဲ့ဝင်း၊ မအေးနက်တို့ အပါအဝင် ရွာသူ(၁၂)ယောက်
အဖမ်းခံရသည့်နေ့) ဆည်တည်းကျေးရွာတွင် “ပြည်သူပျော်သောအသုဘ” တရားကို
ဟောကြားသည့် အချိန်မှ စ၍၊ ၂၀၁၂-ခုနှစ် နိုဝင်ဘာလ(၂၉)ရက်နေ့ (သပိတ်စခန်း
ဖြိုခွင်းခံရ ၍ သံဃာတော်များနှင့် ရွာသူရွာသားများ ဒဏ်ရာရသည့်နေ့)အလည်၊ ယခု
နောက်ဆုံးအချိန်ထိ လက်ပံတောင်းနေတောင်အရေးတွင် ကိုယ်အားဉာဏ်အား ငွေအားနှင့်
သံဃာအင်အားပါမကျန် စိတ်အားထက်သန်စွာ ပါဝင်ကူညီဆောင်ရွက်နေသူ ဖြစ်ပါသည်။
ထိုသို့ တက်ကြွစွာ ပါဝင်ဆောင်ရွက်ရသည်မှာ ရွာသူရွာသားတို့
နစ်နာဆုံးရှုံးမှုများ၊ လူ့အခွင့်အရေး ချိုးဖောက် ခံရမှုများ၊ သဘာဝပတ်ဝန်းကျင်
ထိခိုက်ပျက်စီးမှုများ၊ သာသနိကအဆောက်အဦးတို့ ပျက်စီးပျောက်ကွယ်မှုများ၊
တိုင်းဒေသ ကြီးအစိုးရ၏ အကိုင်အတွယ်ညံ့ဖျင်းမှုများကို မခံမရပ်နိုင်ဖြစ်၍
ဆန္ဒပြပြည်သူများနှင့်အတူ ပါဝင်ကူညီဆောင်ရွက် ခဲ့ခြင်းဖြစ်ပါသည်။
၁၂-၃-၂၀၁၃-ရက်နေ့၌ ထုတ်ပြန်သော စစ်ကိုင်းတိုင်ဒေသကြီး၊
မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်း တောင် ကြေးနီစီမံကိန်း
စုံးစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာတွင် ရွာသူရွာသားတို့
နစ်နာဆုံးရှုံးမှုများကို ပြန်လည်ဖြည့်ဆည်းပေးထားသည်ကို လည်းကောင်း၊
သဘာဝပတ်ဝန်းကျင် မထိခိုက်စေရန် ကာကွယ်ပေးထားသည် ကိုလည်းကောင်း၊ နိုင်ငံတကာ
ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုကို လမ်းဖွင့်ပေးထားသည်ကိုလည်ကောင်း၊
နိုင်ငံတော်ဘဏ္ဍာ တိုက်ထဲသို့ ငွေကြေးအမြောက်အများ ရောက်ရှိစေရန်
စီမံပေးထားသည်ကိုလည်းကောင်း၊ သာသနိကအဆောက်အဦးများ၊ ပျက်စီးမှုမရှိစေရန်
စောင့်ရှောက်ပေးထားသည်ကိုလည်းကောင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုများ
ကင်းဝေးစေရန် စီစဉ်ပေးထားသည်ကိုလည်းကောင်း၊ တောင်သူလယ်သမားများ၏
အခြားလိုအပ်ချက်ကို ကိုယ်အားဉာဏ်အားရှိသမျှ
ကူညီဖြည့်စွက်ထားသည်ကိုလည်းကောင်း၊ မီးခိုးဗုံး(သို့)မီးလောင်ဗုံး
အသုံးပြုရာတွင် တာဝန်ရှိသူများကို ဖော်ထုတ်ပေးထား သည်ကိုလည်းကောင်း၊
တွေ့ရှိရသောကြောင့် ဤအပြီးသတ်အစီရင်ခံစာသည် အလုံးစုံပြည့်စုံသော
အစီရင်ခံစာဖြစ်သည်ဟု ရှုမြင်ပါသည်။
(က) လက်ပံတောင်းတောင်
ကြေးနီစီမံကိန်းအတွင်းတွင် ပါဝင်သော ကျေးရွာပေါင်း(၂၆)ရွာရှိ
ရွာသူရွာသားများအနေဖြင့် မိမိတို့နစ်နာဆုံးရှုံးခဲ့ရသည်များ
အပြည့်အဝရရှိရေး၊ သဘာဝပတ်ဝန်းကျင် လုံးဝမထိခိုက်ရေး၊ သာသနိကအဆောက် အဦးများ
အဓွန့်ရှည်တည်တံ့ရေး၊ အလုပ်အကိုင် အခွင့်လမ်း အပြည့်အဝရရှိရေး၊
ပြည်သူ့ဘဏ္ဍာတိုက်ထဲသို့ ငွေအလုံးအရင်း ရောက်ရှိစေရေး၊
လူ့အခွင့်ရေးချိုးဖောက်သည့် တရားခံများ၊ မီးခိုးဗုံး(သို့)မီးလောင်ဗုံး
အသုံးပြုရာတွင် တာဝန်ရှိသူများကို ထိရောက်စွာ အရေးယူရေးတို့ကို
ရဲဝံ့ပြတ်သားစွာ တောင်းဆိုရမည် ဖြစ်ပါသည်။ ထိုသို့ တောင်းဆိုရာ တွင်
အကောင်အထည် ဖော်ဆောင်ရေးကော်မတီက အပြည့်အဝ လိုက်လျောခြင်း၊
လိုက်နာဆောင် ရွက်ခြင်း မရှိမှသာလျှင် ဆန္ဒထုတ်ဖော်သင့် သည်ဟု ရှုမြင်ပါသည်။
(ခ) ၁၃-၃-၂၀၁၃-ရက်နေ့နှင့် ၁၄-၃-၂၀၁၃-နေ့များတွင်
ကော်မရှင်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင်ကန့်ကွက် သူများ
ကြမ်းတမ်းရိုင်းပြစွာ ဆက်ဆံသူများကို ပြင်းထန်စွာ ရှုတ်ချအပ်ပါသည်။ ထိုသို့
ကိုယ့်အလိုဆန္ဒတစ်ခုတည်းဖြင့် လူထုခေါင်းဆောင်ကို ကန့်ကွက်ဆန့်ကျင်
နေခြင်းသည် အနာဂတ် နိုင်ငံ့ရေးရာများတွင် ဦးဆောင်ဖြေရှင်းပေးမည့်
လူထုကိုယ်စားပြု နိုင်ငံ့ခေါင်းဆောင်များ ပေါ်ပေါက်မလာနိုင်အောင်
ပိတ်ဆို့တားမြစ်ရာ ရောက်ပါသည်။
(ဂ) ထို့အပြင်
ဝမ်ပေါင်ကုမ္ပဏီလုံးဝ ရပ်ဆိုင်းရေးကို တောင်းဆိုနေကြခြင်းဖြင့်
အနာဂတ်ဒီမိုကရေစီ နိုင်ငံတော်ကြီးတွင် ဖွံ့ဖြိုးတိုးတက်ရေးကို လိုလားသော
ပြည်သူ့ဆန္ဒနှင့် ဆန့်ကျင်နေသလို နိုင်ငံတ ကာ စီးပွားရေးကုမ္ပဏီများ
လာရောက်ရင်းနှီး မြှုပ်နှံမှုများကို နှောက်ယှက်ဟန့်တားရာ ရောက်ပါသည်။
ထို့ကြောင့် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို စိတ်ဆင်းရဲစေရန်
တမင်ရည်ရွယ်ချက် ရှိရှိဖြင့် ပြုမူနေသည်များနှင့်
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တားနှောက်ယှက် နေခြင်းများကို ယခု
ချက်ချင်း ရပ်ဆိုင်းပေးပါရန် တိကျပြတ်သားစွာ တောင်းဆိုလိုက်သည်။
(ဃ) ရွာသူရွာသားများ အနေဖြင့် ကြိုးကိုင်သူလူတစ်စု၏ စကားကို
နားယောင်ပြီး တိုင်းပြည်မျက်နှာကို မကြည့်ဘဲ အမျိုးသားအကျိုးစီးပွားကို
ဖျက်လိုဖျက်ဆီးမှုများ ဆက်လက်လုပ်ကိုင်နေပါက မိမိတို့လို အင်ဆန္ဒနှင့်
ဆန့်ကျင်ဘက် အနိဋ္ဌာရုံကိုသာ ရရှိခံစားရမည် ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
(င) အကောင်အထည်ဖော်ဆောင်ရေး ကော်မတီအနေဖြင့်
စုံးစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာပါ အကြံပြုချက်များကို
တစ်ပြားသားမှ မလျော့စေဘဲ အပြည့်အဝလိုက်နာ ဖော်ဆောင်ပေး ရန်နှင့်
ရွာသူရွာသားများ အမြင်ရှင်းစေရေး အတွက် ပြန်ကြားရေးဌာန တစ်ခုဖွင့်ပြီး
နေ့စဉ်ဆောင်ရွက် ချက်များ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို တရားဝင်ချပြကာ
ထင်သာမြင်သာရှိအောင် ဆောင်ရွက်ဖို့ လိုအပ်ပါကြောင်း ထုတ်ပြန်ကြေညာအပ်
ပါသည်။
ဦးပဉ္စင်း ဝီရသူ(မစိုးရိမ်) ဘဒ္ဒန္တဝိစိတ္တာဘိဝံသ
မစိုးရိမ်တိုက်သစ် ဓမ္မသဟာယကျောင်းနာယက မဟာအောင်မြေမြို့နယ် မန္တလေး။
၁၆-၃-၂၀၁၃