skip to main |
skip to sidebar
၂၀၁၃-၃-၂၃ ဆရာကြီး
သခင်ကိုယ်တော်မှိုင်း၏ ၁၃၇ နှစ်မြောက်မွေးနေ့ အောက်မေ့ဘွယ်
အခမ်းအနား တစ်ရပ်ကို ယနေ့ မွန်းလွဲ ၂ နာရီက ရွှေဂုံတိုင်
တော်ဝင်နှင်းဆီခန်းမတွင်ပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ဆရာဒဂုန်တာရာမှ သ၀ဏ်လွှာပေးပို့ခဲ့ပြီး အောက်မေ့ဘွယ်
အမှတ်တရစကား များကို နိုင်ငံရေးနှင့်စာပေနယ်ပယ်မှ
ပုဂ္ဂိုလ်အသီးသီးကပြောကြားခဲ့ကြကြောင်းသိရသည်။
အဆိုပါ အခမ်းအနားကို ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က
စီစဉ်ကျင်းပခြင်းဖြစ်ပြီး နိုင်ငံရေး၊ စာပေ၊ တိုင်းရင်းသား
နယ်ပယ်အသီးသီးမှ ငြိမ်းချမ်းရေးမြတ်နိုး သူများ
စုံလင်စွာတက်ရောက်ခဲ့ကြောင်းသိရသည်။PMNJ NEWS