Saturday, March 23, 2013

စစ်ကိုင်းတိုင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များမှ တည်ခင်းဧည့်ခံ
သည့် ဂုဏ်ပြုညစာစားပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ အမှာစကားပြောကြား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များအား စစ်ကိုင်းတိုင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များမှ တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲကို နေပြည်တော်ရှိ ရတနာသိင်္ဃဟိုတယ်၌ ၂၀၁၃ခုနှစ် မတ်လ ၂၁ရက်နေ့ ညနေ ၆း၃၀ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် ချောင်းဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောလှထွန်းမှ အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပြီး၊ စီးပွားကူးသန်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်မှ ဂုဏ်ပြုညစာစားပွဲဖြင့် ဧည့်ခံရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဌ၊ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်မှ အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ယဉ်ကျေးမှုအဖွဲ့မှ တေးသံသာများဖြင့် ဧည့်ခံပြီးနောက် အခမ်းအနားကို ၈း၃၀ အချိန်တွင် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။