Tuesday, March 12, 2013

ဘဘဦးတင်ဦး နှင့် ဘဘဦးဝင်းတင်မွေးနေ့ အထိမ်းအမှတ် ကျင်းပ




































၂၀၁၃-၃-၁၂
 ဘဘဦးတင်ဦး အသက်(၈၆)နှစ်ပြည့် နှင့် ဘဘဦးဝင်းတင်အသက်(၈၃)နှစ်ပြည့်မွေးနေ့  အထိမ်းအမှတ်အား အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် တွင်ကျင်းပခဲ့သည်။ ဘဘဦးတင်ဦးနှင့် ဘဘဦးဝင်းတင်တို့ နှစ်ဦးဧ။် မွေးနေ့  အထိမ်းအမှတ်အဖြစ် ဘဘဦးတင်ဦးက ၄င်းဧ။်သားဖြစ်သူ ကိုသန့်ဇင်ဦးအပါအ၀င် ဂျပန်နိုင်ငံရှိ ဂျပန်မြန်မာကော်မတီမှ မိတ်ဆွေများကို ဖိတ်ကြားခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရှိ အမျိုးသမီးအဖွဲ့ ၊ ရုံးအဖွဲ့ ၊ သုတေသန အဖွဲ့  များနှင့်ပူးပေါင်းကာ မွေးနေ့ ပွဲကို ရိုးရှင်းပျော်ရွှင်စွာ ကျင်းပခဲ့ကြသည်။

ဂျပန်မြန်မာ ကော်မတီအဖွဲ့ မှ မစ္စစ်ရှင်ဒို၊ မစ္စတာရာမအုချိ၊ မစ္စတာအိုတိုမို၊ မစ္စတာကိယာမ၊ မစ္စတာတဲသအိ၊ မရတနာဝင်းနှင့် ကျောက်တံတားမြို့နယ်အမျိုသားဒီမိုကရေစီအဖွဲ့ ချုပ်အဖွဲ့ဝင်ကို တွတ်ပီတို့ တက်ရောက်ခဲ့ ပြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ဦးဥာဏ်ဝင်း၊ ရုံးအဖွဲ့ မှူး ဦးသိန်းဦး၊ အမျိုးသမီးအဖွဲ့ မှ ဒေါ်လဲ့လဲ့ ၊ ဒေါ်အေးမာ၊ ဒေါ်မြင့်မြင့်စိန်၊ ဒေါ်ခင်စောမူ၊ ဒေါ်ခင်သင်းစိုး၊ သုတေသန အဖွဲ့ မှ မစနိုး (ခင်ချောစုသာ) နှင့်မနိုဘယ်လ် (သက်ထားစုကြည်)တို့ တက်ရောက်ခဲ့ကြသည်။

မွေးနေ့ ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဗဟိုအလုပ်မှုဆောင်အဖွဲ့ အစည်းအဝေးခန်းအတွင်း ကျင်းပရာ၊ ဘဘဦးတင်ဦးနှင့်ဂျပန်မြန်မာကော်မတီမှ မိတ်ဆွေများက ကြက်သားနှင့်ထောပတ်    ထမင်းစားသုံးရင်း၊ ဥက္ကဌဒေါ်အောင်ဆန်းစုကြည်အလည်အပတ်သွားရောက်မည့်ဂျပန်ခရီးစဉ် အကြောင်းများဆွေးနွေးကြသည်။ ထို့ နောက် အမျိုးသမီးအဖွဲ့ ၊ ရုံးအဖွဲ့ များနှင့် သုတေသန အဖွဲ့ ဝင်များစုစည်း ကာ ဘဘဦးတင်ဦးနှင့် ဘဘဦးဝင်းတင်တို့ အသက်ရာကျော်ရှည်စေကြောင်း ဆုတောင်းပေးခဲ့ကြသည်။ ဘဘဦးတင်ဦးက ကျေးဇူးတင်ပါသည် သီချင်းအားပြန်လည်ဆိုပြအပြီး       တွင် အမျိုးသားဒီမိုကရေစီအဖွဲ့   ချုပ် ရုံး တွင် ရိုးရှင်းစွာ ကျင်းပခဲ့သော မွေးနေ့ ပွဲ လေးပြီးဆုံးခဲ့ပါ
သည်။