Friday, March 15, 2013

ဒီတိုင်းပြည် ဒီလူမျိုးတွေနဲ့  စစ်မှန်တဲ့ ဒီမိုကရေစီကို ဘယ်လိုသွားကြမလဲ

၂၀၁၃-၃-၁၅
 စစ်အုပ်စုက လူထုလို့ နာမည်တပ်တဲ့(ကြံဖွတ်)၂၀၀၃ကဒီစစ်ကိုင်းတိုင်း ဒီပဲယင်းမှာဘဲ ဒေါ်အောင်ဆန်း စုကြည်ကို သတ်ဖြတ်ဖို့ ကြိုးစားခဲ့သေးတယ်။ ခုတခါ ဒီမိုကရေစီလို့ ပြောနေကြတဲ့ နောင်တော်
တွေက သူတို့ လွတ်လပ်မှုအတွက်ကျိုးစားအားထုတ်ပေးခဲ့တဲ့ ကျေးဇူးရှင်ကို ပြန်သတ်ဖို့  ကျိုးစားနေကြ
တယ် ဗမာ စကားပုံရှိပါတယ် (ကျေးဇူးရှိမှ ကျေးဇွတ်တယ်) ဆိုတဲ့စကားအတိုင်း  နောက်ကွယ်က
 မြှောက်ပေးသူတွေ  ရန်ကုန်ကလာတဲ့သပိတ်သမားတွေရော သိထားသင့်တာက စာမတတ်အသိညဏ် နည်ပါးတဲ့ တောင်သူတွေကို မိုင်းသွင်းပြီး မိမိတို့ လိုချင်ရာ စွဲကနေကြတဲ့ အုပ်စုတွေရှိနေတာ သိနေပါပြီ
နိုင်ငံနဲ့ လူမျိုးအတွက်ဆိုပြီး ထင်သလိုလုပ်လို့ တော့မရနိုင်ဘူး၊၊ 

 လက်ပံတောင်းတောင် ဒေသခံတွေကို အသိပညာ အတတ်ပညာနဲ့  လေ့လာသင်ကြားမှုတွေကို ဖွံ့ ဖြိုး
တိုးတက်အောင် ပညာပေး လုပ်ငန်းတွေ မသင်ကြားဘဲ အမှန်တရားကို မျက်ကွယ်ပြုပြီး ဒေသခံတွေ
ပညာရေးမြှင့်တင်ပေးတဲ့ အလုပ်တွေကိုမလုပ်ဘဲ ပျက်ဆီးရာပျက်ဆီးကြောင်းတွေ သင်ပေးနေရင်
တိုင်းပြည်နဲ့ လူမျိုးဘဲနစ်နာမှာဖြစ်တယ်။အခြေခံကျတဲ့ ပြည်တွင်းနိုင်ငံရေးနဲ့  ဒီမိုကရေစီကျင့်စဉ်တွေကို
ပြည်သူတွေ သဘောတရားနားလည်အောင် သင်ပေးသင့်တယ်။မသိနားမလည်တဲ့ ဒေသခံတွေမှာ
ကိုယ်ပိုင်ဆုံးဖြတ်နိုင်တဲ့ နိုင်ငံတကာအမြင်တွေမရှိလို့  အခုလို အော်ကြီးဟစ်ကျယ် တယူသန်အယူအစ
တွေကိုပြောနေတာဖြစ်တယ်လို့ မြင်ရတယ်။အဓိက က ကော်မရှင်ကထုတ်ပြန်ချက်ကို မသိ၊မဖက်ရ
သေးဘဲနဲ့  ဆန့် ကျင်တယ်ဆိုတာ အရုပ်ဆိုးဆုံးဘဲ၊ဒါကို ဘာကြောင့် လှုံ့ ဆော်သူတွေက မရှင်းပြတာ
လဲ မသုံးသပ်ပြတာလဲ လှုံ့ ဆော်သူတွေက မသုံးသပ်တတ်တာလား၊မသိကြတာတော့ ရှင်းနေပါပြီ။

နိုင်ငံရေးလုပ်တယ်ဆိုတာ အမှန်တရားနဲ့  သစ္စာတရားအပေါ်မှာ အခြေခံပြီး လွတ်လပ်မှု၊မတရားမှု
တွေကို မှန်မှန်ကန်ကန် ဖော်ထုတ်ပေးနိုင်မှသာ ဒီတိုင်းပြည် စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံကို ထူထောင်
နိုင်မှာပါ။တယောက်တပေါက် လုပ်ချင်ရာလုပ်နေမယ်ဆိုရင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဟာ ထပ်
ပြီး အနှစ် ၂၀ ကြာသွားနိုင်ပါတယ်။အခုအချိန်ဟာ အပြောင်းအလဲတွေကို သတိကြီးစွာနဲ့  ထိမ်းထိမ်း
သိမ်းသိမ်း ကိုင်တွယ်ရမဲ့အချိန်ပါ။ အခြင်းအခုံလုပ်ပြီး အားပြိုင်ရမဲ့ အချိန်မဟုတ်ပါဘူး၊ဒီမိုကရေစီ 
အင်အားစုတွေ ညီညွတ်ရမဲ့ အချိန်ဖြစ်သလို နိုင်ငံတကာက လေးစားအတုယူလောက်တဲ့ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ရဲ့  ဦးဆောင်မှုတွေကို ၀ိုင်းရံကြပြီး စုစုစည်းစည်းနဲ့  အပြန်အလှန်လေးစာကာ
ဒီမိုကရေစီစံနူန်းတွေကို အလေးထားပြီး တိုင်တိုင်ပင်ပင် ညှိညှိနိုင်းနိုင်း၊ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဆိုသ
လို ၀န်းဝန်းထိမ်းကြောင်းကာ လုပ်ငန်းတွေကို ဖေါ်ဆောင်သင့်ပါတယ်။ခွေးလေးခုန်လို့  ဖုန်မထဘူးဆို
သလို၊မျက်ဖြူဆိုက်လေ ဆရာကြိုက်လေတော့ မဖြစ်သင့်ပါဘူး၊၊

စစ်မှန်တဲ့ဒီမိုကရေစီနဲ့  အာဏာရှင်အစိုးရ ကျဆုံးရေးကို ဦးတည်တဲ့ နိုင်ငံရေးသမားကောင်းများ
ဖြစ်စေဖို့ နဲ့  နိုင်ငံနဲ့ လူမျိုးအပေါ် သစ္စာရှိရှိ ရိုးသားဖြူစင်စွာဖြင့် အမှန်တရားကိုအခြေခံပြီး အကောင်း
ဆုံးအတွေးအခေါ်တွေနဲ့  နိုင်ငံနဲ့ လူမျိုး ဖွင့်ဖြိုးအောင် ရည်ရွယ်ချက်တွေနဲ့ မူဝါဒတွေကို ကိုင်စွဲပြီး
အတွေးအခေါ် အယူအဆတွေဟာ နိုင်ငံတကာစံနူန်းတွေအပေါ်အခြေခံတဲ့ ဒီမိုကရေစီခေါင်းဆောင်
ကောင်းများဖြစ်ဖို့  လိုအပ်ပါတယ်။ကျေးဇူးရှင်နဲ့  မိဖ ဆရာသမားများအပေါ် သိတတ်ဖို့ လိုအပ်သလို
အစဉ်အလာရှိတဲ့ နိုင်ငံရေးခေါင်းဆောင်ကြီးများရဲ့  လွတ်လပ်တဲ့အတွေး အခေါ်များကို စဉ်းစားသုံးသပ်
ကာ နိုင်ငံနဲ့ လူမျိုးများအတွက် အကျိုးရှိစေမဲ့ လုပ်ငန်းများ အကောင်အထည်ဖေါ်နိုင်ကြပါစေ၊၊

မြသိန်း