၂၀၁၃-၃-၁၆
ကြေးနီတောင် စီမံကိန်းပြဿနာနဲ့ ပတ်သက်လို့.... နိုင်ငံတော်သမ္မတကြီးက ကော်မရှင်ဖွဲ့ပေးတော့.... အားလုံးသိတဲ့အတိုင်း ဒေါ်အောင်ဆန်းစုကြည်ကလွဲလို့ ဒီပြဿနာကို ဖြေရှင်းနိုင်သူမရှိဘူးဆိုတာ သိခဲ့ကြပါတယ်....။
ထိန်ချန်ခြင်း၊လမ်းကြောင်းလွှဲခြ င်း၊ဘက်လိုက်ခြင်းမရှိစေဖို့နဲ့
ပြည်သူက လေးစား အားကိုးတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တာဝန်အပ်နှင်းခြင်းဖြင့်
ပြည် သူကို လေးစားကြောင်းပြသခဲ့တဲ့ လုပ်ရပ်လည်း ဖြစ်ခဲ့ပါတယ်။
ဒီကိစ္စကို တာဝန်ယူလိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် ဘာအကျိုးမှ မရှိနိုင်ဘူးဆိုတာ ကာယကံရှင်ကိုယ်တိုင်ရော... စိတ်ဝင်စားသူနှင့် လေ့လာသူ...၊ စောင့်ကြည့်နေသူ ပြည်သူများ အားလုံး အသိပဲဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး
သေသေချာချာ ကဏ္ဍအလိုက် အဖွဲ့တွေထပ်ဖွဲ့ပြီး ဘက်စုံထောင့် စုံက
စုံစမ်းစစ်ဆေးခြင်း၊ ဝေဖန်အကြံပြု ချက်များ တောင်းခံခြင်း၊
ဒေသခံပြည်သူများကိုလည်း လုပ်ငန်း ဖျက် သိမ်းခြင်းနှင့်
မဖျက်သိမ်းခြင်းဟူသော ၀ိဝါဒ မကွဲပြားသေးသည့် အခြေအနေကိုမူတည်၍
လိုအပ်ချက်များကို မေးမြန်း မှတ်တမ်းရေးသွင်းခြင်း၊ ၄င်းတို့၏ ဆန္ဒရယူခြင်း၊
ထည့်သွင်းတင်ပြခြင်း များကို ပြည့်ပြည့်စုံစုံ ဆောင်ရွက်ခဲ့တယ်ဆိုတာ
ကော်မရှင်ရဲ့ ရှည်လျားလှတဲ့ အစီရင်ခံစာကြီးထဲမှာ ဖော်ပြထားပါတယ်...။
ကျွန်တော့်ရဲ့ အသက်(၄၀)ကျော်(၅၀)အတွင်းမှာ ပထမဆုံးအကြိမ် ဖတ်ခဲ့ရတဲ့ ပြည်သူကို အသိပေး တင်ပြတဲ့ နိုင်ငံတော်အဆင့် အစီရင်ခံစာကြီးဖြစ်ခဲ့ပါတယ်။
ကျွန်တော် အမှန်အတိုင်းပြောရရင် ဒီလို ပြည်သူကို ထုတ်ပြန်တင်ပြတဲ့ အစီရင်ခံစာ မဖတ်ခဲ့ဘူးပါဘူး။
ကော်မရှင်စတင်ဖွဲ့စည်းခြင်းက ပြည်သူနှင့် ထိပ်တိုက်တွေ့နိုင်သော အခြေအနေဖြစ်ခြင်းကြောင့် တာဝန်မှ ရှောင်လွှဲသွားသူများလည်း ရှိခဲ့ပါတယ်...။
အဲဒီတုံးကတည်းကလည်း ကော်မရှင်ရဲ့ အစီရင်ခံစာ ထွက်လာရင် ဝေဖန် ပိုင်းခြားခြင်း မရှိဘဲ ဘာဆက်ဖြစ်မယ်ဆိုတာ အားလုံးသိပြီးဖြစ်ပါတယ်။
အားလုံးမျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာတာပါပဲ။
တစ်ခုတော့ရှိပါတယ်... ဒီမိုကရေစီနည်းကျ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး ပြည်သူ့ဆန္ဒကောက်ခံကြည့်ရင် သိနိုင်ပါလိမ့်မယ်။
တစ်ခုတော့ ကျွန်တော်တို့ သေသေချာချာ လုပ်ရပါမယ်။
အဲဒါကဘာလဲဆိုတော့ ပြည်သူနဲ့တိုင်းပြည်ရဲ့အနာဂတ်ကို မျှော်တွေးဆောင်ရွက်ခဲ့တဲ့ ဒေါ်အောင်ဆန်း စုကြည်(အမေစု)ကို ခိုင်ခိုင်မာမာ အားပေးနေဖို့ ပါပဲ။
ကျွန်တော့်အတွေးထဲမှာတော့ အညိုရောင်နိုင်ငံရေးသမားတွေ ရှင်းထုတ်ချင်တဲ့ ခေါင်းဆောင်ဟာ အမေစု ဖြစ်လာမှာကိုပဲ စိုးရိမ်နေတယ်ဗျာ။
၂၀၁၅အတွက် အညိုရောင်နိုင်ငံရေးသမား (လောလောဆယ် နိုင်ငံရေး ပါတီမလုပ်ပဲ အခြေအနေ စောင့်ကြည့်နေသူများ) ရဲ့ အမြင်မှာ အထင်ပေါ်ဆုံး ခေါင်းဆောင်ဟာ အမေစုဖြစ်နေတာပါပဲ။
ကျွန်တော့်ရဲ့ ကိုယ်ပိုင် အမြင်အရ...
လက်ရှိအခြေအနေမှာ နိုင်ငံတော်သမ္မတကြီးနဲ့ အမေစုတို့ ဦးဆောင်နေတဲ့ နိုင်ငံရေးလောကကို ၀င်ရောက်နှောင့်ယှက်နေသူများဟာ အမှန်တကယ် တိုင်းပြည်ကို စေတနာမဲ့သူများအဖြစ် သတ်မှတ်လိုပါတယ်။
အမေစုမရှိခဲ့ရင် သို့မဟုတ် ပြိုကျသွားရင် ၀မ်းမြောက်နေမဲ့ ပုဂ္ဂိုလ်များဟာ စစ်တပ်က မဟုတ်သလို ကြံ့ခိုင်ရေးလည်း မဟုတ်ဘူးဆိုတာလေး သတိပေးရင်း.....
ကွန်ဆူးမား
( ၁၄-၃-၂၀၁၃ )
ကြေးနီတောင် စီမံကိန်းပြဿနာနဲ့ ပတ်သက်လို့.... နိုင်ငံတော်သမ္မတကြီးက ကော်မရှင်ဖွဲ့ပေးတော့.... အားလုံးသိတဲ့အတိုင်း ဒေါ်အောင်ဆန်းစုကြည်ကလွဲလို့ ဒီပြဿနာကို ဖြေရှင်းနိုင်သူမရှိဘူးဆိုတာ သိခဲ့ကြပါတယ်....။
ထိန်ချန်ခြင်း၊လမ်းကြောင်းလွှဲခြ
ဒီကိစ္စကို တာဝန်ယူလိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် ဘာအကျိုးမှ မရှိနိုင်ဘူးဆိုတာ ကာယကံရှင်ကိုယ်တိုင်ရော... စိတ်ဝင်စားသူနှင့် လေ့လာသူ...၊ စောင့်ကြည့်နေသူ ပြည်သူများ အားလုံး အသိပဲဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး
ကျွန်တော့်ရဲ့ အသက်(၄၀)ကျော်(၅၀)အတွင်းမှာ ပထမဆုံးအကြိမ် ဖတ်ခဲ့ရတဲ့ ပြည်သူကို အသိပေး တင်ပြတဲ့ နိုင်ငံတော်အဆင့် အစီရင်ခံစာကြီးဖြစ်ခဲ့ပါတယ်။
ကျွန်တော် အမှန်အတိုင်းပြောရရင် ဒီလို ပြည်သူကို ထုတ်ပြန်တင်ပြတဲ့ အစီရင်ခံစာ မဖတ်ခဲ့ဘူးပါဘူး။
ကော်မရှင်စတင်ဖွဲ့စည်းခြင်းက ပြည်သူနှင့် ထိပ်တိုက်တွေ့နိုင်သော အခြေအနေဖြစ်ခြင်းကြောင့် တာဝန်မှ ရှောင်လွှဲသွားသူများလည်း ရှိခဲ့ပါတယ်...။
အဲဒီတုံးကတည်းကလည်း ကော်မရှင်ရဲ့ အစီရင်ခံစာ ထွက်လာရင် ဝေဖန် ပိုင်းခြားခြင်း မရှိဘဲ ဘာဆက်ဖြစ်မယ်ဆိုတာ အားလုံးသိပြီးဖြစ်ပါတယ်။
အားလုံးမျှော်လင့်ထားတဲ့အတိုင်း