Sunday, March 17, 2013

ထိုင်းနိုင်ငံသို့ လေ့လာရေးခရီးထွက်ခွာကြမည့် ၈၈မျိုးဆက်များ လေယာဉ်မထွက်ခွာမီ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အမှတ်တရ

၂၀၁၃-၃-၁၇
၁၇၊၃၊၂ဝ၁၃ ၊ ၈၈မျိုးဆက်ခေါင်းဆောင်များဖြစ်ကြသော ကိုကိုကြီး၊ကိုမြအေး၊ကိုပြုံးချို၊ ကိုဂျင်မီ၊ကိုအံ့ဘွယ်ကျော်၊ကိုထွန်းမြင့်အောင်နှင့်ကိုကျော်ဇောတို့သည် ယနေ့နံနက် ၇းဝဝ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ လေ့လာရေးခရီး ထွက်ခွာသွားကြသည်။ ကိုကိုကြီးဦးဆောင်သော ၈၈မျိုးဆက်များသည် ထိုင်းနိုင်ငံတောင်ပိုင်းဒေသ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုလည်းကောင်း၊ မဟာချိုင်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများ၏ အခြေအနေများကိုလည်းကောင်း လေ့လာကြမည်ဖြစ်သည်။ အဆိုပါ ခရီးစဉ်အတွင်း ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ကြမည်ဖြစ်သည်။