၂၀၁၃-၃-၂၀
မြန်မာပြည် လွတ်လပ်ရေးရခဲ့တဲ့ ၁၉၄၈
ခုနှစ်နောက်ပိုင်း ၁၉၅၈ ခုနှစ်အထိ ပါလီမန်ဒီမိုကရေစီအဖြစ် ၀န်ကြီးချူပ် ဦးနု အုပ်ချူပ်နေစဉ်မှာ
ဦးနေ၀င်းက အိမ်စောင့်အစိုးရအဖြစ် အခွင့်အရေး အချောင်ဝင် ယူပြီး၊ တိုင်းပြည်ပြည်သားတွေရဲ့  အချူပ်အခြာ
ပြည်သူ့ အာဏာကို ၁၉၆၂ ခုနှစ်၊ မတ်လ (၂) ရက်နေ့ 
မှာ မတရားအဓမ္မ အာဏာသိမ်းယူခဲ့ပါတယ်။ တော်လှန်ရေးကောင်စီ (Revolutionary
Council in Burma) လို့  အမည်ခံပြီး ဦးနေ၀င်းက လက်နက်အားကိုးနဲ့  တိုင်းပြည်ကို ဖိနှပ်ချူပ်ချယ်ခဲ့တာ
ကို မြန်မာပြည်ရဲ့ သမိုင်းကြောင်းတွေ၊ ကျောင်းသားတွေရဲ့  ဇူလိုင် (၇) ရက်နေ့  အရေးတော်ပုံကြီးတွေ က သက်သေသာဓက ရှိပါတယ်။ အာဏာရူးကြီးနေ၀င်းဟာ ၁၉၇၂
ခုနှစ်ဧပြီလမှ တော်လှန်ကောင်စီ ဆိုတာကို ဖျက်သိမ်းပြီး ၁၉၇၄ ခုနှစ်မှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီနဲ
့ တိုင်းပြည်ကို ဆက်လက် အုပ်ချူပ် ခဲ့တယ်။
မတ်လ( ၂၇) ရက်နေ့  တော်လှန်ရေးနေ့ ကို
တပ်မတော်နေ့ အဖြစ် ဦးနေ၀င်းက ၁၉၇၄ ခုနှစ်မှာ
ပြောင်းလဲခဲ့တာဖြစ်ပါတယ်။မကြာခင်အချိန်မှာ ကျရောက်မဲ့ မတ်လ (၂၇)ရက်နေ့ ဟာ သမိုင်းဝင် တော်လှန်ရေးနေ့ (ဖက်ဆစ်တော်လှန်ရေးနေ့ ) ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာတော့ ဦးနေ၀င်း
သတ်မှတ်ပေးခဲ့တဲ့ တပ်မတော်နေ့ ကို ကျင်းပမည်ဖြစ်ပါသည်။
တပ်မတော်သားတွေအနေနဲ့  တိုင်းပြည်၏ အန္တရယ် အသွယ်သွယ်နှင့် တိုင်းတပါး၏ရန်ကို ကာကွယ်
စောင့်ရှောက်ရန်အတွက် တပ်မတော်၏ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက တပ်မတော်ကို စတင်ထူ
ထောင်ခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ တိုင်းပြည်နဲ့ လူမျိုးကိုကာကွယ်ဖို့ အတွက် ဖွဲ့ စည်းခဲ့သော
လည်း အာဏာရှင် အဆက်ဆက်က တပ်မတော်နေ့ အဖြစ် ဆက်လက်ကျင်းပနေဆဲဖြစ်ပါတယ်။
တပ်မတော်သားများအဖို့  လွတ်လပ်ရေးရဲ့  ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်ခဲ့တဲ့ လွတ်လပ်၍
တရားမျှတသော ဒီမိုကရေစီနိုင်ငံ ထူထောင်နိုင်ရန် ရည်ရွက်များ အကောင်ထည်ဖော် ဆောင်ရွက်
ရန် တာဝန်ရှိပါတယ်။ ယနေ့ ခေတ်တပ်မတော်သားများသည် ပညာတတ်များပါဝင်နေပြီး နိုင်ငံတကာ
အခြေအနေကို သိနိုင်သော ခေတ်စနစ်ကြီးထဲကို ရောက်ရှိနေပါပြီ အင်တာနက် ခေတ်ကြီးမှာ အရာ
ရာကို လေ့လာနိုင်စွမ်းရှိနေပြီး ပြည်တွင်းပြည်ပ အခြေအနေများကို သုံးသပ်နိုင်သော အခြေအနေ
တခုကို ရရှိနေပြီဖြစ်ပါတယ်။ကမ္ဘာနှင့်ယှဉ်လျှင် နှစ်ပေါင်းများစွာ ခေတ်နှောက်ကျနေသော မြန်မာ
နိုင်ငံသည်။ပြည်သူများအဖို့  ခေတ်ကျပ် စနစ်ကျပ်ကြီးထဲတွင် ကာလကြာမြင့်နေပြီးဖြစ်သောကြောင့်
နိုင်ငံရေး၊ပညာရေး၊စီးပွားရေး၊လူမှုရေး၊ကျမ်းမာရေး အဘက်ဘက်တွင် နှိမ့်ကျနေပြီး ဆင်းရဲတွင်းမှ
မလွတ်မြောက်နိုင်သေးပါ။
တပ်မတော်သားများမှ ပြောင်းလဲလာသော ပြည်ထောင်စုစနစ် ဒီမိုကရေစီနိုင်ငံထူထောင်ရေးတွင်
ညဏ်အမျှော်ကြီးမားစွာဖြင့် တိုင်းပြည်နှင့် လူမျိုးတို့ ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်
ရှောက် ပြုစုပျိုးထောင်ပေးရန် ခေတ်စနစ်နှင့် ကိုက်ညီသော ဒီမိုကရေစီနိုင်ငံထူထောင်ရေးအတွက်
စိတ်ရောကိုယ်ပါ တက်ညီလက်ညီ ပြည်သူများနှင့်အတူလက်တွဲပြီး လွတ်လပ်တဲ့ ပြည်ထောင်စုမြန်မာ
နိုင်ငံထူထောင်ရန်အတွက် အားသွန်ခွန်စိုက်ပါဝင်လာကြဖို့  ပြည်သူများက ကြိုဆိုလျှက်ရှိပါသည်။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှလည် တပ်မတော်ကို ခေတ်နှင့်အညီ ပြောင်းလဲရန်ကြိုးစားနေသော
အချိန်ဖြစ်သည့်အားလျောစွာ မနှေးမဆုပ် တိုင်းပြည်ပြုပြင်ပြောင်းလဲရေးတွင် တပ်မတော်သားများ
၏ အခန်ကဏ္ဍသည် အရေးကြီးသော အချိန်ကို ရောက်ရှိလာနေပါပြီ။
တပြေးပြေးပြောင်းလဲလာနေသော ဒီမိုကရေစီစနစ်၏ စံနှုန်းများနှင့် ဥပဒေစိုးမိုးရေး၊လူ့ အခွင့်အရေး
များကို လေးစားလိုက်နာသော နိုင်ငံတနိုင်ငံဖြစ်ဖို့ အတွက် တပ်မတော်သားများတွင် တာဝန်ရှိပေ
သည်။ပြည်သူပြည်သားများသည် နှစ်ပေါင်း ၅၀ ကျော် အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရန်
ကြိုးစာအားထုတ်လျှက်ရှိသည်။တိုင်းပြည် ပြန်လည်တည်ဆောက်ရေးတွင် စနစ်တကျမရှိသေးသော
ဥပဒေများအတွက် အခက်အခဲများစွာကို ကျော်ဖြတ်နေရသည့် အချိန်ဖြစ်သောကြောင့် တိုင်းပြည်
မငြိမ်သက်မှုများဖြစ်ပေါ်လျှက်ရှပြီး တပ်မတော်အနေဖြင့် ဘက်လိုက်မှုမရှိစေဘဲ ပြည်သူများမနစ်နာ
မဆုံးရှုံးရလေအောင် အဘက်ဘက်မှ စဉ်စားဆုံးဖြတ်ဖို့ လိုအပ်လေသည်။၂၀၀၈ အခြေခံဥပဒေသည်
လွတ်လပ်၍ တရားမျှတမှု မရှိသောကြောင့် တပ်မတော်သားများမှ ပြန်လည်ပြင်ဆင်ရေးတွင် ကူညီ
ကာ ပညာရှင်များ၏ သုံးသပ်ချက်များကို ပံ့ပိုးရန်လိုအပ်ပေသည်။
လာမည့် တော်လှန်ရေးနေ့ (တပ်မတော်နေ့ )သည် တပ်မတော်သားများအဖို့  ပြည်သူ့ တပ်မတော်
သားများ ဖြစ်ပေါ်လာရေးအတွက် ခေတ်စနစ်အပြောင်းအလဲကို အမိအရဆုပ်ကိုင်ကာ စစ်မှန်သော
ဒီမိုကရေစီနိုင်ငံ ပေါ်ထွန်လာရေးအတွက် ပြည်သူ့ ဘက်မှရပ်တည်သော( တပ်မတော်သည် ပြည်သူ့ 
အတွက် ပြည်သူသည် တပ်မတော်အတွက်မဟုတ်) ဟူသောစကားအတိုင်း ပြည်သူများလေးစား
သော တပ်မတော်ဖြစ်အောင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွင် အားသွန်ခွန်စိုက် ကြိုးစားပါဝင်ရန်
လိုအပ်ပါကြောင်း အကြံပြုအပ်ပါသည်။
မြသိန်း