skip to main |
skip to sidebar
၂၀၁၃-၃-၁၃
ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ၁၆/၁ရပ်ကွက်၊ သုမင်္ဂလလမ်း၊ အမှတ်-(၁၀၃၉/၁၀၄၀)ရှိ ၈၈မျိုးဆက် ငြိမ်းခြမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းရုံးတွင်
ပြည်သူများ၏ နစ်နာမှုများကို လက်ခံကြားနာ၍ ဥပဒေအကြံပေးအဖြစ်
ဆောင်ရွက်လျက်ရှိသော မဏ္ဍိုင်ဥပဒေအကယ်ဒမီ စေတနာ့ဝန်ထမ်းဥပဒေအကျိုးဆောင်ရှေ့နေများသည် မတ်လ၊ ၁၁ ရက် နံနက် ၁၀း၀၀ နာရီက အဆိုပါရုံး၌ ၈၈မျိုးဆက်ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဂျင်မီနှင့် ဥပဒေရေးရာကိစ္စရပ် များကို ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးခဲ့သည့် အကြောင်းအရာများမှာ မဏ္ဍိုင်ဥပဒေအကယ်ဒမီ အဖွဲ့အနေဖြင့် ၈၈မျိုးဆက်များနှင့်အတူ နိုင်ငံတော်မှ ထုတ်ပြန်ပြဌာန်းလာသည့် ဥပဒေများအား အသေးစိတ်စောင့်ကြည့်လေ့လာရန်နှင့်
ပြည်သူလူထုအကျိုးရှိစေမည့် ဥပဒေများကို လွှတ်တော်တွင်း
ပြဌာန်းနိုင်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်သွားရန် တို့ကို
ဆွေးနွေးခဲ့ကြသည်။