Sunday, March 10, 2013

ပြည်သူ့ တပ်ဦး အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ညီလာခံကြီးကိုကြိုဆိုပါတယ်

၂၀၁၃-၃-၁၀
အဖွဲ့ ချုပ်ဟာ ပထမ အကြိမ်ညီလာခံကို အခုမှ ကျင်းပနိုင်ခြင်းဖြစ်တယ်။အခု ကျင်းပနေတဲ့အချိန်အခါ ဟာလည်းထူးခြားမှုတွေရှိနေတယ် ။ အဖွဲ့ ချုပ်ဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ   ပြန်လည်လွတ်လာပြီး ၊၂၀၀၈ ဖွဲ့ စည်းပုံအရရွေးကောက်ပွဲကျင်းပကာ ၊အရပ်သားအစိုးရ တရပ် (စစ်ဗိုလ်ချုပ်တွေ အ၀တ်လဲထားပြီး) ပေါ်ပေါက်လာခဲ့တယ် ၊သမ္မတဖြစ်လာတဲ့ဗိုလ်သိန်းစိန်က   ဒေါ်စုနဲ့ တွေ့ ဆုံပြီးနောက် ၊ပြုပြင်ပြောင်းလဲရေးတွေ လုပ်မယ်ပြောပြီး ပြောင်းလဲမှုတချို့ လုပ်လာ ဒါတွေ့ ရတယ်၊ကြားဖြတ်ရွေးကောက်ပွဲပေါ်ပေါက်လာကာ ဒီချုပ်ဝင်ရွေးပြီး နေရာအားလုံးနီးပါး အနိုင်ရ ခဲ့တာတွေ့ ရတယ်။လွတ်တော်ထဲမှာ အတိုက်အခံအမတ်တွေ စတင်ပေါ်ပေါက်လာပြီး၊အဖွဲ့ ချုပ်   ပြန်လည်ဖွဲ့ စည်းခဲ့တာကြောင့် အဖွဲ့ ဝင် ပါတီဝင် အသစ်တွေအများအပြားဝင်လာကြတာတွေရတယ်။ အခြား ပါတီတွေကလည်း ခြံခုန်လာသူတွေလည်း မနည်းမနော ဖြစ်လာပြီး ၊အခု ဒီအကျိုးတွေ ညီလာခံ  မှာ ရိုက်ခတ်နေတာဖြစ်တယ်။ အချောင်သမားတွေ အများအပြားလည်း ညာသံပေးပြီး ၀င်လုံးကြတယ်။
ထို့ အတူ ပါတီကို ဖျက်ဆီးမယ့် လူစုတွေကလည်း ပူးသတ်လာခဲ့တယ် ။ တိုင်းဖုံးတွေခွဲဖို့ ကြိုးစားနေ   တယ် ခင်မောင်ဝင်းတို့ ဟာဗုန်းတလုံးသာဖြစ်တယ် ။ ကျန်သေးတယ် ။ဗဟို မှာအထိရှိနေတယ်။ သတိရှိဖို့ လိုတယ် ခင်မောင်ဝင်း ပါတီဝင်ဖို့ အဖွဲ့ ချုပ်ကို ဖောင်တင်စဉ်မှာ လမ်းမတော် ပါတီဝင်တွေ လက်မှတ်ထိုးကန့် ကွက်ခဲ့ကြသေးပေမယ့် ပါတီဝင်ဖြစ်သွားတယ်။ မြို့ နယ်ညီလာခံမှာလည်းသူ က ဥက္ကဌ ရွေးချယ်ခံရတယ် ။အမေထွား ပဲဆီငါးပိဿာ တဗုံးပေး စည်းရုံးတယ်ဆိုတာလည်း သတင်းတွေပြန့် နေတာပဲ ၊အခု ညီလာခံကိုယ်စာလှယ်ကနေ ဖယ်ရှားခံရတယ်။အရင်ထဲက ပါတီဝင်ခွင့်ကိစ္စ တွေမှာ အောက်ခြေရဲ့အသံတွေကို အနည်းငယ်နားထောင်ခဲ့ မယ်ဆိုရင် အချောင်သမားတွေကို သတ်နိုင်သလောက်တော့ကာကွယ်နိုင်မယ်လို့ ယူဆမိတယ် ။
ပဉ္စမံတပ်သားတွေနဲ့ သစ္စာဖောက်တွေ သူတော်ချင်းသတင်းလွင့် လုပ်နေတာတွေရှိနေဆဲ     ဒီလိုလူတွေကို ဖယ်ရှာနိုင်ရမယ် ။နို့ မို့ ရင် အန္တရယ်ဟာ လက်တကမ်းမှာရှိနေအုံးမှာဖြစ်တယ်
ဆရာ အင်းဝ (ဂုဏ်ရည် ) ရွတ်ဆိုပြတဲ့ကဗျာလေးတပုဒ်ကိုကြားယောင်နေတယ် ။
``အိမ်းခွေနဲ့ အပြင်ခွေး ပေါင်းတော့
အိမ်က ကြက်တွေ ကုန်ရောပေါ့  ။ တဲ့`
ဒီချုပ်ပါတီဝင်များတော်လှန်ရေးသတိ အမြဲရှိကြပါလို့  တိုက်တွန်းပါရစေ၊၊ 
D Chit Myo