Thursday, February 21, 2013

တရုတ်၏ ဖိအားပေးမှုကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ကချင် ငြိမ်းချမ်းရေး ကြားဝင်ဆွေးနွေးမည့် အစီအစဉ် KIA လက်ခံနိုင်ဖွယ်မရှိသေး

Wednesday, February 20, 2013
တရုတ်နိုင်ငံ၏ ဖိအားပေးမှုကြောင့် အစိုးရနှင့် KIAငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် ဒေါ်အောင်ဆန်း
စုကြည်မှ ကြားဝင်ဆောင်ရွက်ပေးမည့် အစီအစဉ်အား KIA ဘက်မှ လက်ခံနိုင်ဖွယ်မရှိသေးကြောင်း သိရှိရသည်။
ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ကချင်အရေးကိစ္စတွင်ကြားဝင်     ဆောင်ရွက်ပေးရန် ဆန္ဒရှိကြောင်း လွန်ခဲ့သည့်တစ်နှစ်ကြာကတည်းက ကြေငြာထားပြီး ယခုလ     အတွင်းကလည်း ဒေါ်ဆောင်ဆန်း စုကြည်မှ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ကြားဝင်ပေးနိုင်ရန်   နှစ်ဖက်အဖွဲ့အစည်းများမှ သူမအား ဖိတ်ခေါ်ရန် လိုအပ်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ သို့သော်    KIA အဖွဲ့မှပြောရေးဆိုခွင့်ရှိသူ ဦးလနန်းမှ ဒေါ်အောင်ဆန်းစုကြည်အား ကြားဝင်စေ့စပ်ပေးရေးအတွက် ဖိတ်ခေါ်ရန် အစီအစဉ်မရှိကြောင်းပြောဆိုခဲ့သည်။

ဒေါ်ဆောင်ဆန်းစုကြည်ကြားဝင်စေ့စပ်ရေးနှင့်ပက်သတ်၍ ၂၀၁၂ ခုနှစ်အတွင်း KIA ဒုဦးစီးချုပ်    ဂွမ်မော်နှင့် အင်တာဗျူးတစ်ခုတွင်ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ဒေါ်အောင်ဆန်းစုကြည်
ပါဝင်လာပါကငြိမ်းချမ်းရေး ဆွေးနွေးပွဲ တိုးတက်မှု ရှိနိုင်၊ မရှိနိုင် သတင်းထောက်တစ်ဦးမှမေးမြန်းခဲ့ရာ ဗိုလ်ချုပ် ဂွမ်မော်မှ ငြိမ်းချမ်းရေးဆွေးနွေးရာတွင် လူ အဓိက မကျဘဲ မူသာ အဓိကကျကြောင်း၊ မူမပြောင်းလဲပါက ဒေါ်အောင်ဆန်းစုကြည် သာမက မည်သူလာလာ အဆင်ပြေနိုင်မည် မဟုတ်ကြောင်း ပြောဆိုခဲ့ဘူးသည်။

KIA အပေါ် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှု ကြီးမားလာလျက်ရှိပြီး ၂၀၁၃ ခုနှစ်ဖေဖော်ဝါရီလ ၄ ရက်နေ့   ရွှေလီတွင် ဆွေးနွေးခဲ့သော ငြိမ်းချမ်းရေးဆွေးနွေးပွဲ သည်လည်း တရုတ်၏ဖိအားပေးမှုကြောင့် KIA       မှ တက်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း KIA ခေါင်းဆောင် တစ်ဦးမှ ဝန်ခံပြောကြားခဲ့သည်။

ကချင်ငြိမ်းချမ်းရေး ကိစ္စများတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ပက်သတ်လာပြီး ကချင်လူမျိုးတို့အပေါ် သြဇာညောင်းသွားမည်ကို တရုတ်တို့က မလိုလားကြောင်း ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တရုတ်နိုင်ငံအား အိမ်နီးနားချင်း မိတ်ဆွေနိုင်ငံအဖြစ် အလေးထားကြောင်းပြောဆိုထားပြီး    လက်ပန်းတောင်းတောင် ကိစ္စတွင် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင် နေသော်လည်း တရုတ်တို့ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန် ဘက်တော်သားတစ်ယောက် အဖြစ်   သဘောထားကာ ဆက်ဆံနေကြောင်း KIA အရာရှိကြီး တစ်ဦးမှ ပြောကြားသွားသည်။

စစ်ပွဲများဖြစ်ပွားစဉ် သာမန်ကချင်လူမျိုးဒုက္ခသည်များအနေဖြင့် တရုတ်နိုင်ငံအတွင်း ၀င်ရောက်ရန် ကန့်သတ် ထားသော်လည်း KIA ခေါင်းဆောင်များကိုမူ အထူးအခွင့်အရေးပေး၍ တရုတ်ပြည်တွင်း
ခရီးသွားလာခွင့် တရုတ်နိုင်ငံကူး လက်မှတ်ကိုင်ဆောင်၍ ပြည်ပနိုင်ငံများသို့ ခရီးသွားလာခွင့်များကို တရုတ်အစိုးရ မှ ခွင့်ပြုထားသည်။ MON News

ဓာတ်ပုံ - Photo courtesy of Waiyan Moe Thone Thann
ကိုဖေသန်း (ရွှေလီ)