Thursday, February 21, 2013

၆၅ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနား


















































ဖေဖော်ဝါရီလ ၂ဝ ရက်နေ့မှာ ကျရောက်မယ့် ၆၅ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ချင်းပြည်နယ်ရဲ့မြို့တော် ဟားခါးမြို့ ဝမ်းသူမောင် အားကစားကွင်းမှာ ၂၀ရက်နေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်လိုက်ပါတယ်။မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၃ဝ ကျော်ကြာ ချင်းအမျိုးသားနေ့ကို တရားဝင် ကျင်းပခွင့်မရခဲ့ပါ။ ဒီနှစ်ဖေဖော်ဝါရီလ ၂ဝ ရက်နေ့မှာ ချင်းအမျိုးသားနေ့အဖြစ် ပထမဦးဆုံးအကြိမ် တရားဝင် ပြန်လည်ကျင်းပနိုင်တာဖြစ်ပါတယ်။
မနေ့က ချင်းအမျိုးသားနေ့ကို နေပြည်တော် MICC ခမ်းမမှာ ကျင်းပခဲ့ပါတယ်။ ပြည်ထောင်စုအစိုးရ  အဖွဲ့ မှ  ဦးရွှေမန်း နဲ့ ဦးခင်အောင်မြင့် တို့ တက်ရောက်ပြီး ချင်းဝတ်စုံကို သပ်သပ်ရပ်ရပ်ကြည့်ကောင်းစွာ ၀တ်ဆင်ထားပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်လည်း ချင်းအမျိုးသားနေ့ အခမ်းအနားကို တက်ရောက်အားပေးခဲ့ပါတယ်။