Friday, February 8, 2013

မင်းကိုနိုင်ဦးဆောင်သော ၈၈မျိုးဆက်ကျောင်းသားများ ခရီးစဉ်














၂၀၁၃-၂-၈
မင်းကိုနိုင်ဦးဆောင်သော ၈၈မျိုးဆက်ကျောင်းသားများသည်ဖေ ဖေါ်ဝါရီလ၊(၇)ရက် နေ့လည်ပိုင်းက
 တောင်တွင်းကြီးမြို့မှဗိဿနိုးမြို့ဟောင်းကိုလေ့လာခဲ့ကြပြီးနောက် ပဲခူးတိုင်းပြည်မြို့သို့ထွက်ခွာလာခဲ့
ရာ ညနေ(၆း၃၀)နာရီတွင်ပြည်မြို့သို့ ရောက်ရှိခဲ့ကြသည်။ ၄င်းနောက် ည(၈း၃၀)နာရီတွင် ပြည်မြို့ မဟာသုခဇောတိက သုံးထပ်ကျောင်းသို့ရောက်ရှိခဲ့ကြပြီး ဆရာတော်ကြီးအားဖူးမြော်ကြည်ညို၍ လှုဖွယ်ပစ္စည်းများဆပ်ကပ်လှုဒါန်းခဲ့ကြသည်။ ဆက်လက်၍ အဆိုပါကျောင်းတိုက်တွင်ကျင်းပသည့် ၈၈မျိုးဆက်ကျောင်းသားများ၏ ငြိမ်းချမ်းရေးနှင့်ပွင်လင်းလူ့အဖွဲ့အစည်းဟောပြောဆွေးနွေးပွဲ သို့တက်ရောက်ခဲ့ကြသည်။ ဆွေးနွေးဟောပြောပွဲတွင် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သော ကိုဂျင်မီက ဒေသခံပြည်သူများနှင့် ၈၈မျိုးဆက်များကို တစ်ဦးချင်းမိတ်ဆက်ပေးသည်။ ထို့နောက် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်ကြသော မင်းကိုနိုင်၊ကိုကိုကြီးနှင့် ကိုမြအေးတို့   က ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေးဆိုင်ရာများကို အသီးသီး ဟောပြော   ဆွေးနွေးခဲ့ကြကာ ဒေသပြည်သူတို့၏ သိရှိလိုသည့်မေမြန်းချက်များကို မင်းကိုနိုင်၊ ကိုကိုကြီးနှင့် မျိုးသန့်(တောင်သူလယ်သမားရေးရာ)တို့ကပြန်လည်ဆွေးနွေဖြေကြားခဲ့ကြသည်။