၂၀၁၃-၂-၈
ပြည်သူ့လွှတ်တော် တရားဥပဒေစိုမိုးရေး ကကျင်းပသော မြန်မာနိုင်ငံဆိုင်ရာဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ဖေဖေါ်ဝါရီ ၇ ရက် မွန်းလွဲ ၂နာရီက နေပြည်တော် တော်ဝင်ကုမုဒြာ ဟိုတယ်စည်းဝေးခမ်းမတွင် တရားဥပဒေဆိုးမိုးရေးကော်မတီဥက္ကဌ နှင့် အဖွဲ့ဝင်များ ၊ တရားစီရင်ရေး ကော်မတီ ဥက္ကဌ သူရ ဦးအောင်ကို၊ ဥပဒေကြမ်းကော်မတီဥက္ကဌ ဦးတီခွန်မြတ်နှင့် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များတက်ရောက်ကြသည်။အမေရိကန်ပြည်ထာင်စု ကိုလံဘီယာ တက္ကသိုလ်မှ ဖွဲ့စည်းပုံအခြေခံဥပဒေပါမောက္ခ ဆရာ အိပ်ကလိပ်လင်းက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ခွဲချမ်းစိတ်ဖြာ ကြည့်ခြင်း၊ အခြားဖွဲ့စည်းပုံများနှင့် နိုင်းယှဉ်ကြည့်ခြင်း၊ ပြုပြင်စရာလိုအပ်ချက်များ၊ ပြုပြင်ရန်နည်းလမ်းများ စသည်ဖြင့်ဆွေးနွေးကြသည်။ တရားဥပဒေ စိုးမိုးရေးဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဥပဒေကြမ်းကော်မတီ ဥက္ကဌ ဦးတီခွန်မြတ်တို့က ပါဝင်ဆွေးနွေးကြသည်။


