Monday, February 18, 2013

ကနေဒါနိုင်ငံမှ ပါလီမန်အမတ်များအဖွဲ့နှင့် ၈၈မျိုးဆက်ကျောင်းသားများ တွေ့ဆုံ




















၂၀၁၃-၂-၁၈
ကနေဒါနိုင်ငံမှ ရောက်ရှိနေသော ပါလီမန်အမတ်များအဖွဲ့သည် ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက်၊ နံနက် ၁၁း၃၀ နာရီမှမွန်းလွဲ ၁၂း၃၀ နာရီ အထိ ရန်ကုန်မြို့၊Park Royal Hotel တွင် ၈၈မျိုးဆက်ကျောင်းသား များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ထိုသို့တွေ့ဆုံဆွေးနွေးကြရာတွင် ယနေ့မြန်မာနိုင်ငံ၌   ဖြစ်ပေါ်နေသော လက်ရှိနိုင်ငံရေး အကူးအပြောင်းအခြေအနေနှင့် ၂၀၁၅ခုနှစ် ရွေးကောက်ပွဲ အလားအလာများကို ဆွေးနွေးခဲ့ကြသည်။