Monday, February 18, 2013

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံအခမ်းအနား ကော်မတီဖွဲ့စည်းခြင်း

၂၀၁၃-၂-၁၈
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာညီလာခံကို ၂၀၁၃ ခုနှစ်၊ မတ်လ၊ (၈)ရက်နေ့မှ (၁၀)ရက်နေ့ အထိ ရန်ကုန်တိုင်းဒေသကြီး၊ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်းရှိ တော်ဝင်နှင်းဆီတွင်
 ပြုလုပ်ကျင်းပ မည်ဖြစ်ကြောင်းသိရသည်။

ညီလာခံကြီးအောင်မြင်စွာကျင်းပနိုင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ညီလာခံအခမ်းအနားကော်မတီဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ ညီလာခံကျင်းပရေးဗဟိုကော်မရှင်က      ဖေဖော်ဝါရီ ၁၈ ရက်နေ့စွဲဖြင့် စာတစ်စောင်ထုတ်ပြန်ခဲ့သည်။