Tuesday, February 12, 2013

၆၆ နှစ်မြောက်ပြည်ထောင်စုနေ့ အခမ်းအနား

 ၂၀၁၃-၂-၁၂
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော ၆၆ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ဖေဖေါ်ဝါရီလ ၁၂ ရက် နံနက် ၁၁ နာရီက ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်ဝင်းအတွင်းတွင်ကျင်းပ ရာ အဖွဲ့ချုပ် နာယကဦးတင်ဦး တတ်ရောက်မိန့်ခွန်းပြောကြားသည် အခန်းအနားတွင် အဖွဲ့ချုပ် နာယက ဦးတင်ဦးက သဘာပတိအဖြစ် ဆောင်ရွက်ပြီးပြည်ထောင်  စုနေ့ မိန့်ခွန်းပြောကြားပြီး အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ရုပ်သံ မိန့်ခွန်းပြောကြားသည်။ ဆက်လက် ၍ အဖွဲ့ချုပ်ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးထွန်းထွန်းဟိန် က ၆၆ နှစ်မြောက်ပြည်ထောင် စုနေ့ ကြေငြာ ချက်ကို ဖတ်ကြားသည်။ ထို့နောက် ကရင်အမျိုးသားယဉ်ကျေးမှု ဒုံးအက ပြိုင်ပွဲတွင် ဆုရရှိသော ဒုံးအဖွဲ့များကို ဆုချီးမြှင့်သည်။ဆုများကို အဖွဲ့ချုပ်သဘာပတိအဖွဲ့ဝင်များက အသီးသီးချီးမြှင့်ကြသည်။ ထို့နောက် သဘာပတိဦးတင်ဦးက နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနား နံနက်ပိုင်း အစီအစဉ်ပြီးဆုံးသည်။ ဆုရရှိကရင် ဒုံးအဖွဲ့များမှာ ပထမဆုကို ကော့ပေါလူငယ် မျိုးဆက်သစ်အားမာန် (ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်) ဒုတိယဆုကို မွန်ပြည်နယ်ဒုံးအဖွဲ့ (ကျိုက်ထို မွန်ပြည်နယ်) တတိယကို လူငယ်အားမာန်ဖားစည်သံ (ကျုံပျော် ဧရာဝတီတိုင်း) တို့ဖြစ်သည်။