Monday, February 11, 2013

ရန်ကုန်မြို့သို့ ရောက်ရှိနေသော ဖိလစ်ပိုင်နိုင်ငံ Action Asia Secretariat နှင့် ၈၈မျိုးဆက်ကျောင်းသားများနှင့် တွေ့ဆုံ

၂၀၁၃-၂-၁၁
ရန်ကုန်မြို့သို့ ရောက်ရှိနေသော ဖိလစ်ပိုင်နိုင်ငံ Action Asia Secretariat မှ Lt.Gen. Raymundo   Ferrer (အငြိမ်းစား) ( Senior Vice President , Security & Administration) ဦးဆောင်၍ အဖွဲ့ဝင်များအဖြစ် Kaloy Manlupig ( Director) ၊ Ariel Hernardes ( Advisor) တို့ ၃ ဦးသည် ရန်ကုန်မြို့ရှိ Action Asia Myanmar Representative မှ ဆလိုင်းအိုက်ဇက်ခင် ( Executive Director, GDI-Myanmar) နှင့်အတူ ယနေ့ နေ့လည် (၁း၃၀)နာရီက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ၁၆/၁ ရပ်ကွက်၊ သုမင်္ဂလလမ်း၊ အမှတ်-(၁၀၃၉/၁၀၄၀)ရှိ ၈၈မျိုးဆက်ကျောင်းသားများရုံးသို့ ရောက်ရှိလာရာ ကိုကိုကြီး၊ ပြုံးချို၊ မြအေးတို့ ဦးဆောင်သော ၈၈မျိုးဆက်ကျောင်းသားများနှင့် တွေ့ဆုံခဲ့ကြသည်။ ထိုသို့တွေ့ဆုံကြရာတွင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအတွက် ဖိလစ်ပိုင်နိုင်ငံသို့ သွားရောက်လေ့လာခဲ့ကြသည့် ၈၈မျိုးဆက်တို့၏ အတွေ့အကြုံများ၊ လက်ရှိမြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖော်ဆောင်မှုများတွင် လက်တွေ့အသုံးချနေပုံများနှင့် ရှေ့ဆက်ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို အမြင်ချင်းဖလှယ်ကာ ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။