Thursday, January 17, 2013

မျက်မမြင်၊နားမကြားသူ ရှေ့နေပါမောက္ခ Mr.Harald နေပြည်တော်သို့ကိုယ်တိုင် စက်ဘီးစီး၍ ဒေါ်အောင်ဆန်းစုကြည်အားတွေ့ဆုံမည်















၂၀၁၃-၁-၁၇
၂၀၁၃ခုနှစ်၊ ဇန်န၀ါရီလ (၁၆)ရက်နေ့က နော်ဝေနိုင်ငံမှ မျက်မမြင်၊နားမကြားသူရှေ့နေ ပါမောက္ခ 
Mr. Harald Viko နှင့်အဖွဲ့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦးနှင့် အတွင်းရေးမှူး ဦးဥာဏ်ဝင်းတို့အား လာရောက်တွေ့ဆုံဂါရ၀ပြုခဲ့သည်။ Mr. Harald သည် နော်ဝေနိုင်ငံသား
ရှေ့နေဘွဲ့ရသူ တစ်ဦးဖြစ်ပြီးမွေးရာပါ မျက်မမြင်၊နားမကြားသူတစ်ဦးလည်းဖြစ်သည်။ Mr.Haraldသည် ၎င်းကဲ့သို့သော မျက်မမြင်၊နားမကြားသူများကိုကမ္ဘာအနှံ့ခြေဆန့်ကာကူညီထောက်ပံ့အားပေးနေသူ
တစ်ဦးလည်းဖြစ်သည်။ ယခုလို မြန်မာနိုင်ငံသို့လာရောက်စဉ် မြန်မာနိုင်ငံ၌ မျက်စိမမြင်သူများ အတွက်ကျောင်း ၊ နားမကြားသူများအတွက်ကျောင်းများဟူ၍ သီးသန့်ရှိသော်လည်း မျက်မမြင်၊   နားမကြား သူများအတွက် ကျောင်းမရှိသေးသောကြောင့် ၎င်းအနေဖြင့် ထိုကဲ့သို့သောကျောင်း များပေါ်ပေါက်လာရေးအတွက် ကူညီလိုကြောင်း နာယကဦးတင်ဦးနှင့် ၎င်း၏ ဘာသာပြန်မှတဆင့်   ဆွေးနွေးခဲ့သည်။ Mr.Harald က၎င်းအနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်   ဒေါ်အောင်ဆန်းစုကြည် အကြောင်းကို ၁၉၉၆ ခုနှစ်ကတည်းက သိခဲ့သောကြောင့် ဒေါ်အောင်ဆန်း စုကြည်အား နှုတ်ဆက်စကားပြောချင် ကြောင်း၊ အဖွဲ့ချုပ်အဖွဲ့ဝင်များ၏ မြန်မာ့ဒီမိုကရေစီအရေး စွန့်လွှတ်အနစ်နာခံဆောင်ရွက်မှုများကို လေးစားဂုဏ်ယူသောကြောင့် အဖွဲ့ချုပ်ရုံးသို့လာရောက် ဂါရ၀ပြုရခြင်းဖြစ်ကြောင်း သိရှိရသည်။မျက်မမြင်နားမကြားသူ Mr. Harald သည် Bike For Peaceအဖွဲ့နှင့်ဇန်န၀ါရီလ (၁၇)ရက်နေ့တွင် ရန်ကုန်မှ နေပြည်တော်ရှိ ဒေါ်အောင်ဆန်းစုကြည်နေအိမ်  သို့ ကိုယ်တိုင် စက်ဘီးစီး ကာသွားရောက်မည်ဖြစ်သည်။ Mr.Harald သည် မျက်မမြင်၊နားမကြားသော် လည်း Helen Keller အား အတုယူ၍ ဘ၀ကိုအရှုံးမပေးခဲ့ကြိုးစားခဲ့သူတစ်ယောက်လည်းဖြစ်သည်။