Friday, January 18, 2013

ခရိုနီများ၏ အလှူငွေကိစ္စ တရားမ၀င်ဘူးဆိုရင်တော့ လက်မခံဘူး


















၂၀၁၃-၁-၁၈
နေပြည်တော် ဇန်.၁၈ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ခရိုနီ စီးပွားရေးသမားထံမှ ပေးအပ်
သော ငွေများကို ရန်ပုံငွေအဖြစ်လက်ခံ၊လက်မခံခြင်းနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က“လက်ခံမှာမဟုတ်ဘူးလို့တော့ မပြောပါဘူး။ပေးလဲမပေးဖူး
ကြပါဘူး။ခရိုနီကပေးတယ်ဆိုပြီး ဘာကြောင့် လက်မခံရမှာလဲ။လက်မခံဘူး ဆိုတာကို အန်တီတော့ သိပ်နားမလည်ပါဘူး။ဒီငွေကတရားမ၀င်ဘူးဆိုရင် တော့ လက်မခံဘူးပေါ့။တရားဝင်ငွေဆို ရင် ကောင်းဖို့ပေးတာပဲလေ" ဟုယနေ့နံနက် လွှတ်တော်အစည်းအဝေးခေတ္တ ရပ်နားချိန်
တွင် သတင်းထောက်များကို ပြောကြားခဲ့ကြောင်း ပေါ်ပြူလာနယူစ်းဂျာနယ် သတင်းထောက်အား   ပြောကြားခဲ့သည်။