၂၀၁၃-၁-၁၃
ပန်းတနော် ဒေသခံတွေ ကျေးလက် ရွာအသီးသီးက ဒေါ်လှကြည် လို့ ခေါ်တဲ့ ထော်လာဂျီတွေနဲ့ ဆိုင်းဘုတ်တွေ တင်ပြီး လှည့်လည် ချီတက်လာကြတာ အားရစရာကြီးပါ။ ဘောလုံးကွင်းမှာ ဦးဆုံး လူစုတယ် ။ ပြီးတာနဲ့ စနစ်တကျ သုံးယောက်တန်းပြီး ပန်းတနော် မြို့နယ် တရားရုံး (ရုံ့းပိတ်ရက်မို့ ပိတ်ထားပါတယ်။) အရှေ့ကို ချီတက်သွားတဲ့ လူတန်းကြီးဟာ ကြွေးကြော်သံတွေ ဟိန်းပြီး ပဲ့တင်သံ အထပ်ထပ်နဲ့ သူတို့ ရင်ထဲ နှစ်ပေါင်းများစွာ မြိုသိပ်လာရတဲ့ လိုလားချက်တွေကို တောင်းဆိုကြပါ
တယ်။မကြာခင်မှာ မီဒီယာ တွေမှာ တွေ့မြင်ရမှာဖြစ်ပါတယ်။
ကျနော်က အုပ်ချုပ်ရေး တာဝန်ရှိသူတွေ၊ ပြည်သူကို ဖိနှိပ်ထားသူတွေ ၊ ပြည်သူ့ ခံတွင်းပေါက် ကနေ နှိုက်စား ချမ်းသာနေသူတွေကို တောင်းဆိုချက် ကာလ တခု သတ်မှတ်ပေးခဲ့တယ်။ ဒီအတောအတွင်း ဖြေရှင်းပေးခြင်း ၊ တွေ့ဆုံ အဖြေရှာခြင်း မလုပ်ရင်၊ ဒီထက် ပိုမို အင်အား ( ဒီနေ့ အင်အား ငါးထောင်ခန့် တက်ရောက်ပါတယ်။ ) ကြီးမားတဲ့ လူထု အင်အားနဲ့ ထပ်မံပြီး
လူထုလှုပ်ရှားမှုကြီး ထပ်လုပ်ပါမယ်။