အသိညာဏ်နည်းတဲ့ ပုဂ္ဂိုလ်တွေများတဲ့အတွက် မင်းတို့ ဒီနိုင်ငံ မတိုးတက်တာ၊ တကယ်ဆိုရင် သူများနိုင်ငံတွေ သိပ်တိုးတက်နေတာပဲ၊ ဒါ ဒီနိုင်ငံက အလားအလာ သိပ်ကောင်းလျှက်သားနဲ့ မတိုးတက်တာ ဘာဖြစ်လို့ မတိုးတက်သလဲဆိုရင် ခုနကပြောခဲ့သလိုပဲ အသိညာဏ်နည်းတဲ့အတွက် မတိုးတက်တာ၊
မင်းတို့ လူငယ်တွေ စာပေတော့ ဖတ်ကြပါတယ်၊ ဒါပေမဲ့ ကာတွန်းပဲ ဖတ်ကြတာ၊ တကယ့် ကိုယ့်ကို ဗဟုသုတပေးမယ့် စာပေမျိုးကြတော့ မဖတ်ဘူး၊ ဘာမှမဟုတ်တဲ့ ကာတွန်းချည်းပဲ လျှောက်ပြီး ဖတ်
တယ်၊ ဘာဗဟုသုတမှ အဲဒီတော့ မရှိတော့ဘူး၊ ဒီတော့ အသိညာဏ်ရှိဖို့ ဗဟုသုတရှိဖို့ မင်းတို့ အင်မတန်လိုအပ်တယ်၊ အဲဒါ အသိညာဏ်ရှိတဲ့ နိုင်ငံတွေဟာ တိုးတက်သွားတာပဲ၊ နိုင်ငံသူနိုင်ငံသား အားလုံးဟာ အသိညာဏ်ရှိနေတယ်၊ ဒို့နိုင်ငံတိုးတက်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာ သူတို့ကိုယ်သူ
တို့ သိကြတယ်၊ အဲသိတော့ကို အဲဒီနိုင်ငံတွေ တိုးတက်သွားတာပဲ။
အသိညာဏ်ဆိုတာ မင်းတို့ ငယ်တာကြီးတာနဲ့မဆိုင်ဘူး၊ အသက်အရွယ်ငယ်ပေမဲ့ တချို့ကျတော့ တိုင်းပြည်အတွက် သိပ်အသိညာဏ်ရှိတယ်၊