Thursday, January 10, 2013

ကချင်ဒေသတွင် ဖြစ်ပွားနေသော တိုက်ပွဲများနှင့် ပတ်သက်၍ ၈၈မျိုးဆက်ကျောင်းသားများ၏ သတင်းစာရှင်းလင်းပွဲ


















ယနေ့ ဇန်နဝါရီလ၊ ၁၀ ရက် မွန်းလွဲ ၂း၀၀ နာရီက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်၊ ဝေဇယန္တာလမ်းရှိ ၈၈မျိုးဆက်ကျောင်းသားများရုံးခန်း၌ ကချင်ဒေသတွင် ဖြစ်ပွားနေသော တိုက်ပွဲများနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့သည်။ ထိုသို့ပြုလုပ်ရာတွင် မင်းကိုနိုင်နှင့် ကိုကိုကြီး တို့က ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေးအတွက် ၈၈မျိုးဆက်ကျောင်းသားများ၏ ကြိုးပမ်းဆောင်ရွက်နေမှု
များ၊ သဘောထား အမြင်များနှင့် ပတ်သက်၍ ပြောကြားသွားပြီး မြအေးက KIA မှ ဗိုလ်ချုပ်ဂွမ်မော်၊ ဦးလနန် တို့နှင့် ဆွေးနွေးခဲ့သည်များကို ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။ မမီမီလွင် နှင့် မစမ်း စမ်းမော်တို့ ကလည်း စစ်ပြေးဒုက္ခသည်စခန်းများမှ အခြေအနေ အရပ်ရပ်ကို ပြန်လည်ပြောကြားသွား ခဲ့ကြသည်။ ထို့နောက် ဇန်န၀ါရီလ ၁၄ ရက်တွင် ထွက်ခွာမည့် ၈၈မျိုးဆက်ကျောင်းသားများ၏ ဖိလစ်ပိုင်ခရီးစဉ်နှင့် ပတ်သက်၍ ပြုံးချို မှ သတင်းထုတ်ပြန်ပေးခဲ့သည်။ သတင်းဌာန အသီးသီး၏   မေးမြန်းချက်များကို မင်းကိုနိုင်၊ ကိုကိုကြီးနှင့် မြအေးတို့က ပြန်လည်ဖြေကြားသွားခဲ့ကြပြီး မွန်းလွဲ     ၂း၄၀ နာရီတွင် သတင်းစာရှင်းလင်းပွဲကို ရုပ်သိမ်းခဲ့သည်။