Friday, November 16, 2012

တရုတ် ကွန်မြူနစ်ခေါင်းဆောင်သစ် Xi Jinping ကိုရွေးချယ်

 ၂၀၁၂-၁၁-၁၆
ဗဟို စစ်ကော်မရှင်ရဲ့ ဥက္ကဌလည်းဖြစ်၊ တရုတ် ကွန်မြူနစ် ပါတီရဲ့ အထွေအထွေ အတွင်းရေးမှူး အဖြစ် တရုတ် ခေါင်းဆောင်သစ် နေရာရာထူးကို Xi Jinping ကို ပေးအပ်လိုက်ပါပြီ။ ဒုသမ္မတ မစ္စတာ Xi ဟာ ရာထူးကနေ အနားယူတော့မယ့် သမ္မတ Hu Jintao ပြီးရင် ပါတီရဲ့ခေါင်းဆောင် ရာထူးကို ဆက်ခံမဲ့သူ ဖြစ်တယ်ဆိုတာကိုတော့  အချိန် အတော်ကြာကြာ ကတည်းက မျှော်လင့်ထား ပြီးဖြစ်ပါ တယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကတော့ ဘေဂျင်းမြို့တော်ရဲ့ ပြည်သူ့ ခန်းမထက်က ကော်ဇော်နီပေါ်မှာ   မစ္စတာ Xi ဟာ တရုတ် ခေါင်းဆောင်သစ် ခြောက်ယောက်နဲ့အတူ လျောက်လှမ်းခဲ့ပါတယ်။                     
 ဗဟို နိုင်ငံရေးနှင့် လုပ်ငန်းဖေါ်ဆောင်ရေး ကော်မတီတွင် ၇ ဦးပါဝင်ပြီး Xi Jinping က ဦးဆောင်မှာဖြစ် ပါတယ်။ဆင်းရဲသား လယ်သမားမိသားစုမှ ပေါက်ဖွားလာသူဖြစ်သည်။ဒေသတွေမှာဖြစ်ပေါ်နေတဲ့ လယ်မြေမတရားသိမ်းပိုက်မှုနဲ့  လဒ်စားမှုတွေကို ဦးစားပေးဖြေရှင်းမယ်လို့ သိရပါသည်။ဦးဆောင်သူ ၇ ဦး တွင် ၄ဦးမှာ တရုတ် ကွန်မြူနစ် ပါတီရဲ့တင်းမာသူခေါင်းဆောင် ဟောင်း  Jiang Zemin အဖွဲ့ မှဖြစ်ပြီး  ကျန် ၃ဦးမှာ Hu Jintaoအဖွဲ့ မှဖြစ်သည်။ တရုတ်ကွန်မြူနစ် ပါတီတွင် တင်းမာသူ လူဟောင်းကြီးများ ကြီးဆိုးနေကြပြီး နိုင်ငံရေး၊စီးပွားရေးအားကောင်းသော်လည်း တရားဥပဒေစိုးမိုးရေးနှင့် လူ့ အခွင့်အရေးများ အားနည်းနေအုံးမည်ဖြစ်သည်။