Tuesday, September 11, 2012

NLD စက်တင်ဘာ ၁၀ ရက် ရက်စွဲဖြင့် ကြေငြာချက်တစ်စောင်ထုတ်ပြန်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၊ ဗဟိုညီလာခံကော်မရှင်မှ
စက်တင်ဘာလ ၁၀ ရက်စွဲပါ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်အရ ကြေငြာချက်တစ်စောင်ကိုထုတ်ပြန်ကြေငြာခဲ့ကြောင်းသိရသည်။
ယင်းကြေငြာချက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဖွင့်လှစ်ထားရှိသော ပြည်နယ်၊ တိုင်း၊   ခရိုင်၊မြို့နယ် ရုံးခန်းအသီးသီးတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ညွှန်ကြားချက်မှ အပ           အခြားသော ပါတီအဖွဲ့အစည်း အစုအဖွဲ့၊ တသီးပုဂ္ဂလတို့ စီစဉ်သော အစည်းအဝေးများ     ဆွေးနွေးပွဲများကို ကျင်းပခွင့်မပြုကြောင်းဖြင့်ဖော်ပြထားသည်။