စက်တင်ဘာလ၊ (၅)ရက် နံနက်(၉)နာရီက ကမ္ဘာအေးဘုရားလမ်းရှိ Micasa Hotel ၌ ကိုကိုကြီး ဦးဆောင်သော ၈၈မျိုးဆက်ကျောင်းသားများနှ င့်မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ (MILI) နှင့်
မြန်မာနိုင်ငံ နားမကြားသူများ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးဌာန (
DRC ) တို့ တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါပွဲသို့
ကိုကိုကြီး၊ ၊ ဌေးကြွယ် ၊
ပြုံးချို၊ မာကီ၊ စိုးထွန်း၊မေသွယ်ဦး ၊ အာကာဘို၊ ရဲဝင်း အစရှိသော ၈၈မျိုးဆက် ကျောင်းသားများ တက်ရောက်ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းမှ တာဝန်ရှိသူတို့ကလည်း အခက်အခဲများကို တင်ပြဆွေးနွေးခဲ့ကြသည်။