၂၀၁၂-၉-၃
ယနေ့၊ စက်တင်ဘာလ ၃ ရက်၊ နံနက် ၁၀း၀၀ နာရီက ဆွစ္စလန်နိုင်ငံ အခြေစိုက် International Council
of Swedish Industry မှ Senior Advisor နှင့် အဖွဲ့သည် ဝေဇယန္တာလမ်းရှိ ၈၈မျိုးဆက်ကျောင်းသားများ ရုံးခန်းသို့ လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။ ထိုသို့ ဆွေးနွေးခဲ့ကြရာတွင် အလုပ်ရှင် အလုပ်သမားပြဿနာများ လက်တွေ့ကျကျ ဖြေရှင်းနိုင်ရေးနှင့် အရပ်ဖက် လူမှုအဖွဲ့အစည်းများ အားကောင်းလာစေရေးတို့အတွက် အဓိကထား ဆွေးနွေးခဲ့ကြသည်။