(ကွင်းအပြင်က စာများအားလုံးဟာ ၁၈.၈.၂၀၁၂ ရက်နေ့က နေပြည်တော် ရှိ ရွှေကြာပင် ကျေးရွာမှာ အမေစုလူထုကို ပြောကြားခဲ့တဲ့ မိန့်ခွန်း ဖြစ်ပါတယ် ... )
အခုဆိုရင် ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ပါတီညီလာခံလုပ်ဖို့ ပြင်ဆင် နေပါတယ်… ပါတီညီလာခံက ဘာဖြစ်လို့ လုပ်ရမှာလဲလို့ တစ်ချို့က မေးပါလိမ့်မယ်… ကျမတို့ အဖွဲ့က ပြည်သူတွေကို အခြေခံတဲ့နိုင်ငံရေးစနစ်ဖြစ်စေချင်တယ်ဆိုတော့ ကျမတို့ပါတီ က ပြည်သူ
တွေကို အခြေခံရမယ်…
ရှင်းရှင်းလေးပြောရမယ်ဆိုရင် ရပ်ကျေးတွေက ကျမတို့ အဖွဲ့ချုပ်ဝင်တွေကနေပြီးတော့ ရပ်ကျေးကစည်းကော်မတီဝင်တွေကို ရွေးမယ်…နောက်တော့မှ တဆင့် ရပ်ကျေးတွေက မြို့နယ်၊ မြို့နယ်တွေက ခရိုင်၊ ခရိုင်ကနေ တိုင်းအထိကနေ ၊ နောက်ဆုံး ဗဟို အထိပေါနော် ရွေးချယ်လိုက်တဲ့ ကျမတို့ အဖွဲ့ချုပ်ခေါင်းဆောင်တွေဟာအဖွဲ့ဝင်အများစုရဲ့ ထောက်ခံမှုနဲ့  ပေါ်လာရမယ်…ပေါ်ထွက်လာရမယ် … ဒီတာဝန် ကို ယူရမယ်…
အဲ့ဒါအတွက် ညီလာခံ တွေလုပ်ဖို့ အတွက်ကို ညီလာခံကျင်းပရေး ကော်မရှင် ဖွဲ့ရတယ် ညီလာခံကျင်းပရေးကော်မရှင် ဖွဲ့တဲ့ အခါကျတော့ ရပ်ကျေးအဆင့် ၊ုမြို့နယ်အဆင့် စသဖြင့်ပေါ့ ညီလာခံတွေ လုပ်နိုင်ဖို့ အဖွဲ့တွေလိုက်ဖွဲ့ရတယ်… အဲ့ဒီအဖွဲ့ထဲ ပါရေး၊ မပါရေးဟာ အများကြီး တစ်တိုင်းပြည်လုံးမှာ ငြင်းကြ ခုန်ကြတယ်ပေါ့
နော်…
အဲ့ဒါက ဒီမိုကရေစီ နိုင်ငံရေးလုပ်တဲ့အခါကျရင် ရှောင်လို့မရပါဘူး… ရှောင်လို့မရတာ လာလဲ ဆိုတော့တစ်ယောက်နဲ့တစ်ယောက် သဘောထားချင်းမတူတဲ့ အခါကျတော့ ငြင်းကြ ခုံကြတယ်ပေါ့၊ … ဒါပေမယ့် စောစောက ကျမ ပြောသလို သဘောမတူတာတွေရှိရင် ဆွေးနွေးပြီး တော့ ညှိနှိုင်းပြီးတော့ ပြေလည်အောင် လုပ်နိုင်ဖို့တော့ကြိုးစားရမယ်… နောက်ဒီကော်မရှင်တွေ နဲ့ ပါတ်သတ်လို့ ဒီကော်မရှင်တွေထဲမှာ ဘယ်သူတွေပါသင့်တယ်ဘယ်သူတွေ မပါသင့်ဘူးဆိုတာ အများကြီး တစ်ယောက်နဲ့ တစ်ယောက် သဘော မတူတာတွေ ရှိတယ်… အဲ့
တော့ အဲ့ဒါလည်း သဘာဝကျတယ်… ကျမ ကလဲ လက်ခံတယ်… တစ်ချို့ကဆိုရင် ဒေသခံတွေက မကြိုက်တဲ့သူတွေ ပါတယ်ပေါ့…
နောက်အထက်ကနေပြီးတော့ သူတို့ ရွေးချင်တာရွေးတယ်ဆိုပြီးတော့ အဲ့ဒီလိုပြောတဲ့ သူတွေလဲ ရှိတယ်…အဲ့တော့ ဒီဟာတွေကလဲ တစ်ချှို့ စွပ်စွဲချက်တွေကလဲ မှန်လိမ့်မယ်… နေရာတိုင်းမှာတော့ ပါမှာ မဟုတ်ဘူး…ဘာလို့လဲဆိုတော့ တစ်ခါတစ်ရံ ဒေသခံတွေထဲက ရွေးချင် တဲ့ သူတွေဟာ၊ အဆင်ပြေချင်မှ ပြေမှာ… အဲ့တော့ဒါတွေကို ညှိယူရမယ်… နောက် ဒီကော်မရှင်ထဲ မှာ ပါရေး မပါရေးဟာ သိပ်ပြီးတော့ အလေးမထားပါနဲ့ လို့ ပြောချင်တယ်… ဘာလို့ လဲဆိုတော့ ဒီကော်မရှင်တွေဆိုတာ ညီလာခံတွေလဲ ကျင်းပပြီးရော အလိုလို ပျက်သွားမှာ ခဏပဲ ၊ ညီလာခံတွေ ကျင်းပဖို့ အတွက်ပဲ ဖွဲ့ထားတာ ၊ ဒီညီလာခံတွေကနေ ရွေးလိုက်တဲ့ အများပြည်သူက၊ အ
များပြည်သူဆိုတာ ကျမတို့အဖွဲ့ဝင်ပေါ့နော် … အဖွဲ့ဝင်အများစုက ရွေးလိုက်တဲ့ သူတွေကသာ ရေရှည် ဒီအဖွဲ့ရဲ့တာဝန်တွေကို ထမ်းဆောင်ရမှာ ဖြစ်ပါတယ်...
ဒီကော်မရှင်ထဲမှာ ဘယ်သူပါရေး မပါရေး ကိစ ဟာ အရေးမကြီးဘူးလို့တော့ ကျမမပြောပါဘူး…ဘာဖြစ်လို့လဲဆိုတော့ ဒီညီလာခံတွေ ကောင်းကောင်းမွန်မွန် မှန်မှန်ကန်ကန် ဖြစ်မြောက်ရေးအတွက် ဖြစ်မြောက်ရေးကော်မရှင်တွေရဲ့ အရည်အချင်းက အရေးကြီးတာပေါ့… မကြီးတာတော့ မဟုတ်ပါဘူး… ဒါပေမယ့်သိပ်ပြီးတော့ အဲ့ဒီဟာကို ပြသနာကြီးဖြစ်အောင်တော့ မလုပ်ပါနဲ့ …
ပွင့်ပွင့်လင်းလင်းပဲ ကျမပြောမယ်နော် … ဒါ အမြဲဖြစ်တာပဲ အဖွဲ့အစည်းတိုင်းမှာ ဖြစ်တာပဲ… နည်းနည်းနေရာလုတဲ့ ကိစတွေက ဖြစ်လာတတ်တယ်… ငါဖြစ်ချင်တယ် ၊ သူဖြစ်တာ မကောင်းဘူး၊ သူထက်ငါကတော်တယ်… ဘာလို့သူက ဖြစ်ရမှာလဲ … ငါလဲ လုပ်နိုင်သားနဲ့ ဆိုတာ ဒါဟာ အများကြီး သဘာဝကျပါတယ်…
သဘာဝကျတဲ့ အခါကျတော့ ဒါတွေကို ပွင့်ပွင့်လင်းလင်း ဖြေရှင်းလိုက်တာ ကောင်းတယ်…
ဒီတော့ အဲ့ဒီလို စိတ်ဓါတ်နဲ့ သိပ်ပြီးတော့ ဒီကော်မရှင်ထဲမှာ ဘယ်သူ ပါရေး မပါရေး ကို မကြည့်စေချင်ဘူး … သင့်တော်လား၊ မသင့်တော်ဘူးလား… ဆိုတာကိုပဲ ကြည့်ပါ… ပုဂိုလ်ရေးစိတ် ဓါတ် နဲ့ မကြည့်ပါနဲ့…
ဒီလူကတကယ်ပဲ ညီလာခံတွေ ဖြစ်မြောက်ရေးအတွက် လုပ်နိုင်တဲ့ သူလားဆိုတာကိုပဲ ကြည့်ပါ ဒီ ညီလာခံတွေ ဖြစ်မြောက်ရေးအတွက်လုပ်နိုင်တဲ့ သူဟာ ရပ်ကျေးစည်းရုံးရေးအဖွဲ့ထဲမှာ ပါသင့်တဲ့သူ ဖြစ်ချင်မှ ဖြစ်မှာနောက်ပြီ်းတော့ ဒီရပ်ကျေးညီလာခံ ဖြစ်မြောက်ရေးအတွက် ကော်မရှင် ထဲမှာ ပါနေတဲ့ သူက ဒီရပ်ကျေးစည်းထဲမှာ ၀င်ပြီးတော့ အရွေးခံလို့ မရဘူး… တခြားရပ်ကျေးမှာ အရွေးခံတာကတော့ သက်သက်ပေါ့နော်…
ကိုယ်ကကော်မရှင်အဖွဲ့ထဲမှာပါတယ် ဒီစည်းအတွက်လဲ ၀င်ပြီးတော့ အရွေးခံတယ်ဆိုတာ မရဘူး…
အဲ့ဒီတော့ အဲ့ဒါတွေကိုလဲ သေသေချာချာ သိထားစေချင်တယ်… တချို့က ဘယ်လိုထင်လဲဆိုတော့ သူက ညီလာခံ ဖွဲ့စည်းရေးထဲမှာပါပြီးတော့ သူက စည်းအဖွဲ့ထဲမှာ ၀င်ပြီးတော့ အရွေးခံမယ်…. သူပဲ ရသွားမှာပဲ ဆိုပြီးတော့ အဲ့ဒီလို စိုးရိမ်ပူပင်မှုတွေလဲ ရှိတယ်…
အဲ့ဒီတော့ ဒီလူဟာ စည်းထဲမှာ မပါသင့်ဘူးဆိုတာ မှန်ပေမယ့် ညီလာခံ ဖွဲ့စည်းရေးထဲ မှာ မပါသင့်ဘူး ဆိုတာ မှန်ချင်မှာ မှန်မှာ… ဒီညီလာခံ ကျင်းပရေးအတွက် စီစဉ်တဲ့ အပိုင်းမှာ သူအသုံးဝင်ချင်ဝင်မယ်…
ဒါပေမယ့် အဲ့ဒီလိုစီစဉ်တဲ့ သူဆိုရင်တော့ အဲ့ဒီက ရပ်ကျေးအဖွဲ့ထဲမှာ သူဝင်ပြီးတော့ ယဉ်ပြိုင်ခွင့် မရှိဘူးးး…အဲ့ဒီတော့ အမြင်ကို နည်းနည်း ရှင်းအောင်ပြောတာပါ… တစ်ချို့ က စိတ်ပူနေတာက နည်းနည်းရောနေတယ်
… ဒီကော်မရှင်ထဲမှာပါတဲ့သူကတော့ ရပ်ကျေးစည်းထဲမှာ ပါတော့မှာပဲ… ဒီလူက ဘာလို့ပါရမှာလဲ ဆိုတာ အဲ့ဒါ
လဲ မှန်ရင် မှန်လိမ့်မယ် … သူက ရပ်ကျေးစည်းထဲမှာ ပါသင့်တဲ့သူ ဖြစ်ချင်မှ ဖြစ်မယ်… ညီလာချံက ကျင်းပရေးအတွက်တော့ လုပ်တတ်ကိုင်တတ်တဲ့ သူဖြစ်မယ်.. မဖြစ်ဘူးဆိုရင်တော့ ဒါလဲ ကျမတို့ ပြန်စဉ်းစားရမှာပေါ့… ……………………………………
...................ဘယ်လောက်ပဲ ဝေးဝေးပေါ့နော်.. ဘယ်လောက်သေးတဲ့ ရွာလေးပဲ ဖြစ်ဖြစ်
ကျမတို့ အဖွဲ့ချုပ်ဝင်တွေ ရှိတယ်ဆိုရင် အဲ့ဒီအဖွဲ့ချုပ်ဝင်တွေ ရဲ့ ဆန သဘောထား ကို ဗဟို ကနေသိအောင်လို့ တတ်နိုင်သမျှ ကျမတို့ လုပ်ပေးပါမယ်… (ဖြောင်းးးး ဖြောင်းးးဖြောင်းးးးး လက်ခုပ်သံများ)
