Friday, September 7, 2012

ပြင်သစ်နိုင်ငံ ဆီးနိတ်လွှတ်တော်ကိုယ်စားလှယ်နှင့် တောင်အာရှကော်မတီ၏ ဥက္ကဌတို့  ၈၈မျိုးဆက်ကျောင်းသားများနှင့်တွေ့ ဆုံ

၂၀၁၂-၉-၇
စက်တင်ဘာလ၊(၇)ရက် နံနက် (၉း၃၀) နာရီတွင် ရန်ကုန်မြို့၌ရောက်ရှိနေသော ပြင်သစ်နိုင်ငံ ဆီးနိတ်လွှတ်တော်ကိုယ်စားလှယ်နှင့် တောင်အာရှကော်မတီ၏ ဥက္ကဌ Mr. Gerard Midquel ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည်ပြင်သစ်သံရုံးမှ တာဝန်ရှိသူများလိုက်ပါလျက် ရန်ကုန်မြို့ရှိ ၈၈မျိုးဆက်ကျောင်းသားများရုံးသို့ ရောက်ရှိလာပြီး ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်ကြ     သော မင်းကိုနိုင်၊ ကိုကိုကြီး၊ မင်းဇေယျ၊ ပြုံးချိုတို့နှင့် ရင်းနှီးစွာတွေ့ဆုံဆွေးနွေးခဲ့သည်။