ရန်ကုန်တိုင်း၊
ဆိပ်ကြီးခနောင်တိုမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပညာရေးကွန်ရက်အောက် တွင်ဖွင့်လှစ်ထားသော
"အမေ့ရင်သွေး" ပညာဒါန အခမဲ့ကျောင်းတွင်
မိုးမခစာသင်ကျောင်းဆောင် သစ် ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ (၈) ရက်နေ့မှာ အောင်မြင်စွာဖွင့်လှစ်ပေးနိုင်ခဲ့ပါတယ်။ယင်း ဖွင့်ပွဲအခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ပညာရေးကွန်ရက်မှ
ဦးလှသိန်း၊ ဘဏ္ဍာရေးကော်မတီ ညှိနှိုင်းရေးမှူး ကိုငယ်၊ ဘဏ္ဍာရေးကော်မတီ ကိုညီညီ
(NLD-BG)၊ မိုးမခ ကျောင်းဆောင်ဖြစ်မြောက်ရေး
တာဝန်ခံ၊ အမေ့ရင်သွေးပညာဒါနကျောင်းတွင် အင်္ဂလိပ်ဘာသာကို ပင်တိုင်သင်ကြားပေးနေသော ဒေါ်စံဝင့်ခိုင်တို့ဦးဆောင်ပြီး
အမေ့ရင်သွေးပညာဒါနကျောင်း ကော်မတီ၊ အဖွဲ့ဝင်များ၊ သင်ကြားရေး ဆရာ၊ဆရာမများ၊ ကျောင်းသားနှင့်
ကျောင်းသားမိဘများ၊မြို့နယ် NLD လူ ကြီး၊လူငယ်များစုံညီစွာတက်ရောက်နိုင်ခဲ့ကြပါတယ်။