Monday, September 3, 2012

ပြည်ပမှဝင်လာသော အဖွဲ့ များ အုပ်စုကွဲလွဲရန် အစိုးရမှစီစဉ်ထားသလား

မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့်အမျိုးသားသည်ပြန်လည်သင့်မြတ်ရေးတို့ကိုရည်စူး၍ကျွန်တော် တို့၁၁ဦးအစု သည် မြန်မာနိုင်ငံသမ္မတရုံးဝန်ကြီးများဖြစ်သောဦးစိုးသိန်း၊ ဦးအောင်မင်း တို့နဲ့တနင်္ဂနွေနေ့မနက်က တွေ့ဆုံဆွေးနွေး ရန် Peace Center သို့သွားရောက်ခဲ့ပါသည်။ ကျွန်တော်တို့မဆွေးနွေးခင် ဒေါက်တာ နိုင်အောင်။ ဒေါက်တာသောင်းထွန်းနဲ့ကိုညိုအုံးမြင့်တို့ လဲအခန်းထဲသို့ဝင်ရောက်လာပါသည်။ သူတို့နှင့်အတူကျွန်တော်တို့ အတူတကွဆွေးနွေး ရမည်ကိုမသိသဖြင့် ယုတ်တရက်အံ့သြသင့်သွားမိပါသည်။ 
အထူးရှင်းလိုသည်မှာ ကိုနိုင်အောင်တို့အုပ်စုနှင့်ကျွန်တော်တို့အုပ်စုပတ်သက်ခြင်းမရှိကြောင်းဖြစ်ပါ
သည်။
လေးစားဖြင့်
ထွန်းအောင်ကျော်