The Voice ဂျာနယ်စာစောင်မှာ အစိုးရ ၀န်ကြီးဌာနတချို့၏ အလွဲသုံးစားမှုများ စစ်ဆေးတွေ့ရှိ ဆိုတဲ့သတင်းကို ဖော်ပြခဲ့တာနဲ့ ပတ်သက်ပြီး သတ္တုတွင်း ၀န်ကြီးဌာနက သတင်းမမှန်ကန်ဘူးဆိုပြီး ထုတ်ဝေသူနှင့် သတင်းရေးသားသူတွေကို အရေးယူဖို့ ဒဂုံမြို့နယ်တရားရုံးကို ဦးတိုက်လျှောက် ထားခဲ့တာ ဖြစ်ပါတယ်။
ပြစ်မှုဆိုင်ရာ ပုဒ်မ ၅၀၀ နှင့် တရားစွဲဆိုမှုအပေါ် စွပ်စွဲချက် တင်သင့် မတင်သင့်ကို လာမယ့် စက်တင်ဘာလ ၆ ရက်နေ့မှာ အပြီးသတ် စီရင်ချက် ချမှတ်မယ်လို့ ဒီကနေ့ ရုံးချိန်းမှာ တရားသူကြီးက ဆုံးဖြတ်ခဲ့တယ်လို့ အယ်ဒီတာချုပ် ကိုကျော်မင်းဆွေက ပြောပါတယ်။
သတင်းရင်းမြစ်ရယူတဲ့ နေရာက ပြည်သူ့လွှတ်တော် ဖြစ်နေတဲ့အတွက် တကယ်တမ်း ဥပဒေကြောင်းက ကြည့်ရင် အဖြေရှိပြီးသားပါလို့ ကိုကျော်မင်းဆွေက ဆက်လက်ပြောပါတယ်။