Wednesday, August 29, 2012

Sky Net ရုပ်သံလိုင်းမှ ဂြိုဟ်တုပြောင်းလဲခြင်း

Sky Net ရုပ်သံလိုင်းမှ ဂြိုဟ်တုပြောင်းလဲသည့် ကိစ္စနှင့်ပတ်သက်ပြီး ဝေဖန်ခံနေရမှုများအပေါ် ရှင်းလင်းပွဲတစ်ရပ်ကို ပြီးခဲ့သည့် သြဂုတ်လ၂၆ ရက်နေ့က ပြုလုပ်ခဲ့ပါသည်။ အဆိုပါရှင်းလင်းပွဲတွင် အများပြည်သူအား လိမ်လည်ခြင်းမဟုတ်ကြောင်း၊ ပရီးမီးယားလိဂ် ပွဲစဉ်များအား တိုက်ရိုက် မပြနိုင်သော်လည်း အသင်းကြီးအချို့၏ ပွဲစဉ်များကို Delay ကြည့်ရမည်ဟု SkyNet ရုပ်သံလိုင်းမှ တာဝန်ရှိသူများက ပြောကြားခဲ့ပါသည်။
ယခင်က Thaicom ဂြိုဟ်တုမှ ထုတ်လွှင့်သော်လည်း ယခုအခါ Apstar-7 ဂြိုဟ်တုဖြင့် ပြောင်းလဲထား သည့်အတွက် Sky Net ၀ယ်ယူတပ်ဆင်ထားသူများအနေဖြင့် ဂြိုဟ်တုထိပ်ဖူး လဲလှယ်တပ်ဆင် ရမည်ဖြစ်ကြောင်း ထိုသို့လဲလှယ်မှု ပြုလုပ်မထားပါက အောက်တိုဘာလ ၁ ရက်နေ့မှစ၍ မည်သည့်  လိုင်းမျှ ကြည့်ရှုရမည်မဟုတ်ကြောင်း သိရှိရ သည်။


ဂြိုဟ်တုပြောင်းလဲထားသော်လည်း မိုးရွာလျှင် လိုင်းထစ်၊ လိုင်းပျောက်သည့် ပြဿနာ ကြုံနေဦး  မည်ဖြစ်ပြီး မိုးရွာလျှင် လိုင်းမပျောက်စေရန်အတွက် မြေပြင်မှ ဂြိုဟ်တုသို့ ထုတ်လွှတ်သည့်   နေရာအားနှစ်နေရာခွဲကာ ထားမည်ဖြစ်ကြောင်း၊ ရန်ကုန်တွင် တစ်နေရာ၊ တပ်ကုန်းတွင် တစ်နေရာထားကာ ရန်ကုန်တွင် မိုးရွာပါက တပ်ကုန်းမှ လွှတ်တင်မည်ဖြစ်ပြီး တပ်ကုန်းတွင်မိုးရွာပါ       က ရန်ကုန်မှ ထုတ်လွှတ်သည့် နည်းစနစ်ဖြင့် လုပ်ဆောင်ရန် စီစဉ်ထားကြောင်း သိရသည်။
သို့သော် လောလောဆယ်တွင် ဂြိုဟ်တုပြောင်းထားသော်လည်း မိုးရွာလျှင် လိုင်းထစ်၊ လိုင်းပျောက်နိုင်သေးကြောင်း Sky Net ရုပ်သံမှ တာဝန်ရှိသူများကပြောခဲ့သည်။ယင်းအပြင်ဂြိုဟ်တု      တစ်ခုဖြင့် ချိတ်ဆက်ခြင်းသည် တစ်ကြိမ်လျှင် သုံးနှစ်မှ ငါးနှစ်သက်တမ်းသာရှိသည့်အတွက်   နောက်သုံးနှစ် သို့မဟုတ် ငါးနှစ်ကြာလျှင် ထပ်မံလဲလှယ်ရဖွယ်ရှိကြောင်း သိရသည်။

ဂြိုလ်တုတစ်ခုဖြင့် ချိတ်ဆက်ခြင်းသည် တစ်ကြိမ်လျှင် သုံးနှစ်မှ ငါးနှစ်သက်တမ်းသာရှိသည့်အတွက် နောက်သုံးနှစ် သို့မဟုတ် ငါးနှစ်ကြာလျှင် ထပ်မံလဲလှယ်ရဖွယ်ရှိကြောင်း သိရသည်

ဂြိုဟ်တုထိပ်ဖူးများအား မိမိငွေဖြင့် မိမိဝယ်ယူတပ်ဆင်ရ၍ ကုန်ကျရခြင်း၊ စိတ်ပင်ပန်း ဆင်းရဲခံရခြင်း များ ဖြစ်ပေါ်ခဲ့သည့် Sky Net ရုပ်သံဝယ်ယူထားသူများကို ပြောင်းလဲတပ်ဆင်သည့်အတွက်ဟုဆိုကာ   Sky Net ရုပ်သံလိုင်းမှ တစ်လအခ မဲ့ ကြည့်ရှုခွင့်ပြန်ပေးမည်ဟုလည်း ပြောကြားခဲ့ပါသည်။
ပရီးမီးယားလိဂ် မပြသနိုင်ခြင်း နှင့်ပတ်သက်၍ Sky Net ရုပ်သံလိုင်းမှ တာဝန်ရှိသူများက ပြောကြား      ရာတွင် ပြသခွင့်အား ၀ယ်ယူမရရှိသည့်အတွက် မပြသနိုင်ခြင်း ဖြစ်ကြောင်း၊ သို့သော် မန်ယူ၊ ချယ်လ်   ဆီး၊ မန်စီးတီး၊ လီဗာပူးလ်၊ အာဆင်နယ် TV Channel လိုင်းများအား ပြသခွင့်ရရှိထားသည့်အတွက် ပွဲစဉ်များကို တိုက်ရိုက်ထုတ်လွှင့်မပြနိုင်သော်လည်း အဆိုပါအသင်းများ၏ ပွဲများကို Delay ပြန်လည်ပြ  သပါ ကကြည့် ရှုရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Sky Net ရုပ်သံလိုင်းမှ တာဝန်ရှိသူများက အများပြည်သူသို့ လိမ်လည်ခြင်းမဟုတ်ကြောင်း၊ ယခု ဂြိုဟ်တုပြောင်းလဲ၍ ထိပ်ဖူးလဲလှယ်ရာတွင် အများပြည်သူ ကုန်ကျသွားသည့် ကျပ် ၈၀၀၀၊ ကျပ်    ၁၀၀၀၀ ဟူသည့် ငွေကြေးများအား Sky Net ကုမ္ပဏီမှ မရရှိဘဲ တပ်ဆင်သူများ ရရှိခြင်းဖြစ်ကြောင်း၊ ကုမ္ပဏီမှ ကျပ် ၄၅၀၀ တန်ထိပ်ဖူးကို အများပြည်သူသို့ အရှုံးခံကာ ကျပ် ၃၀၀၀ ဖြင့်ရောင်းပေး   ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
Sky Net ရုပ်သံလိုင်းအနေဖြင့် လိမ်လည်မှုမရှိဟု ဆိုသော်လည်း ကြော်ငြာထားသည့်အတိုင်း ၀ယ်ယူတပ်ဆင်ထားသူများသို့ လုပ်မပေးနိုင်ခဲ့သည်များရှိပြီး ကား၊ ရထား၊ သင်္ဘောပေါ်တွင်              Sky Net ရုပ်သံလိုင်းတပ်ဆင်၍ ရသည်ဆိုသော ကြော်ငြာမှု၊ ၀ယ်ယူစဉ်နှင့်သက်တမ်း တိုးစဉ်က Customers များသို့ ကြိုတင် အသိမပေးခဲ့သည့် ပရီးမီးယားလိဂ်နှင့် ဂြိုဟ်တုပြောင်းလဲခြင်းအတွက် ထိပ်ဖူးအား မိမိငွေဖြင့် အကုန်အကျခံလဲရသည့် ပြဿနာ သာဓကများ ရှိနေကြောင်းကိုလည်း ရှင်းလင်းပွဲတက်ရောက်ခဲ့သူတစ်ဦးက ပြောကြားခဲ့သည်။
ဂြိုဟ်တုပြောင်းလဲ၍ ထိပ်ဖူးလဲလှယ်ရာတွင် ကုန်ကျစရိတ်အဖြစ် ကျပ် ၁၀၀၀၀ ၀န်းကျင်ရှိပြီး   မြန်မာနိုင်ငံတွင် Sky Net ရုပ်သံလိုင်း တပ်ဆင်ထားသည့် အရေအတွက်မှာ ခန့်မှန်းအလုံးရေ တစ်သိန်းခွဲဝန်းကျင်ခန့်ရှိကြောင်း သိရှိပါသည်။