Friday, August 3, 2012

ဘလော့ခ်ဂါဆရာ နေဘုန်းလတ်၏ "ကျွန်တော်လွတ်ကျခဲ့တဲ့ မြို့တော်" စာအုပ်မိတ်ဆက်ပွဲ HOME တွင် ပြုလုပ်ကျင်းပ




၂-၈-၂၀၁၂ နေ့ ၂း၀၀ နာရီမှ ၄း၀၀ ထိ၊ ရန်ကုန်၊ ဗိုလ်အောင်ကျော် (အောက်) Home House 
of Media တွင် ဘလော့ခ်ဂါဆရာ နေဘုန်းလတ်၏ ပထမဦးဆုံးရေးသားထားသော "ကျွန်တော်လွတ်ကျခဲ့တဲ့ မြို့တော်" စာအုပ် မိတ်ဆက်ပွဲကို ပြုလုပ်ခဲ့ပါသည်။ အဆိုပါ "ကျွန်တော်လွတ်ကျခဲ့တဲ့ မြို့တော်"  စာအုပ်သည် ကိုနေဘုန်းလတ် ဘလော့ခ်မလုပ်ခင် ကတည်းကစတင်ရေးသားခဲ့သောစာအုပ်ဖြစ်ခဲ့သောကြောင့် သူ၏ဘလော့ခ်အမည်ကိုလည်း "ကျွန်တော်လွတ်ကျခဲ့တဲ့ မြို့တော်" လို့ ပေးခဲ့ကြောင်း ကိုနေဘုန်းလတ်မှ ရှင်းပြပြောဆိုခဲ့ပါ
သည်။

            ယင်း "ကျွန်တော်လွတ်ကျခဲ့တဲ့ မြို့တော်" စာအုပ်ထဲမှာပါသော အခန်းကဏ္ဍများ
သည် ဘလော့ခ်ပေါ်မှာ တင်ထားခဲ့ဘူးသော အခန်းများနှင့် စာရေးသူ ကိုနေဘုန်းလတ် အကျဉ်းကျစဉ် ထောင်အတွင်းထဲမှာ မှတ်သား ခဲ့သော စာပေလက်ရာများလည်းဖြစ်ကြောင်း၊
 နောက် စာပေသည် ရသစာပေသဘောတရားတွေများကြောင်း၊ အရေးအသားနှင့်အသွားအလာ
သည် ပို့စ်မော်ဒန်သဘောတရားတွေဖြစ်တဲ့အတွက်ကြောင့် စာအုပ်ထဲပါ စာများ သည် စာဖတ်
သူကို စဉ်းစားစရာတွေများစွာပေးထားကြောင်း၊ စာဖတ်သူပရိတ်သတ်များကိုလည်း စာမျက်နှာ
 (၁၅၈) မျက်နှာရှိ "ကျွန်တော်လွတ်ကျခဲ့တဲ့ မြို့တော်"  စာအုပ်တွင် ဘီလူးတစ်ကောင်ရဲ့ကကြိုး
ကို အထူးပဲ ဖတ် စေချင်ကြောင်း စာရေးသူ ဘလော့ခ်ဂါဆရာ ကိုနေဘုန်းလတ်မှ ပြောဆိုတိုက် တွန်းခဲ့ပါတယ်။
            "ကျွန်တော်လွတ်ကျခဲ့တဲ့ မြို့တော်" စာအုပ် မိတ်ဆက်ပွဲ အခမ်းအနားသို့ ပြည်သူ့ခေတ် 
ဂျာနယ် အယ်ဒီ တာ ဆရာ မောင်ဝံသ၊ ကိုဇာဂနာ၊ ၈၈-မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ကိုဂျင်မီ၊ စာရေးဆရာ ကိုမင်းလူ၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကျန်းမာရေးကွန်ရက်
မှ ဒေါက်တာကျော်စွာဦးနှင့် NLD-BG မှ ဒေါ်သီ တာဝင်းအောင်အဖွဲ့၊ မြို့နယ်ပေါင်းစုံ NLD လူငယ်
များ၊ ဗကသဖြစ်မြောက်ရေးအဖွဲ့မှ ကိုဒီငြိမ်းလင်းတို့လူငယ် အဖွဲ့၊ ဗိုလ်ချုပ်အောင်ဆန်း ဇာတ်ကား
ဖြစ်မြောက်ရေးအဖွဲ့မှ တာဝန်ခံများ၊ စာပေပညာရှင်များ၊မီဒီယာစာနယ်ဇင်း သမားများစုံညီစွာဖြင့် ဧည့်ပရိတ်သတ်ပေါင်း( ၁၀၀) ကျော်တို့ကို ကော်ဖီ၊ ကိတ်မုန့်တို့ဖြင့် ဧည့်ခံကျွေးမွေး၍ မီဒီယာ၊စာနယ်ဇင်းသမားများ၏ အမေးများကို ဖြေဆိုကာ "ကျွန်တော်လွတ်ကျခဲ့တဲ့ မြို့တော်" 
စာအုပ် မိတ်ဆက်ပွဲ အခမ်းအနားကို ၄း၀၀ နာရီတွင် ပြီးဆုံးခဲ့ပါတယ်။