Monday, August 27, 2012

ဒေါ်အောင်ဆန်းစုကြည် ပြည်ထောင်စုလွှတ်တော်ကို တောင်းဆို

 
2012-8-27 
နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးအနေဖြင့် မှားယွင်းဆောင်ရွက်မိကြောင်း ကြေညာချက်ထုတ်ပြန်ပေးရေး အဆိုကို ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးခဲ့ကြပြီး လျို့ဝှက်ဆန္ဒမဲပေးမှုဖြင့် ဆုံးဖြတ်ခဲ့
ရာ ဆန္ဒမဲပေးခွင့်ရှိသူ ၆၂၉ ဦးအနက် ၄၄၇ ဦးက ထောက်ခံခဲသဖြင့် အဆိုအတည်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

ဒေါ်စုမှ အဓိကကတော့ ပြည်သူတွေပါပဲ။ ပြည်သူတွေအတွက်ဆိုတဲ့ ဒီပြည်ထောင်စုလွှတ်တော်ဟာ ပြည်သူတွေရဲ့ လေးစားမှုခံနိုင်မှ ပြည်ထောင်စုလွှတ်တော်ဆိုတဲ့ ဂုဏ်နဲ့ကိုက်ညီမှာ ဖြစ်ပါတယ်။ ဒါကြောင့်အခု ပြသနာတက်နေတာ မှန်ပါတယ်။ ဒီပြသနာကို ဖြေရှင်းတဲ့နေရာမှာ အားလုံးဟာ ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင် သဘောထားကြီးကြီးနဲ့ အမြောအမြင်ရှိရှိနဲ့ ဖြေရှင်းဖို့ကိုပဲ ဦးတည်ကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံရင်း နိဂုံးချုပ်ပါတယ်။