ရန်ကုန် သြဂုတ်-6
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏
ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ ဦးအောင်သိန်းလင်း
နေရာတွင် ဦးမောင်မောင်သိမ်းဖြင့်
အစားထိုးခန့်အပ်လိုက်ပြီဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ
ပြောင်းလဲလိုက်ခြင်းနှင့် ပတ်သက်ပြီး ဦးအောင်သိန်းလင်းအား
ဖုန်းဖြင့်မေးမြန်းရာ ယင်းသို့အစားထိုး
ခန့်ခြင်းသည်ပါတီ၏အစီအမံတစ်ခုဖြစ်ကြောင်း၊၄င်းအနေဖြင့်
အသေးစိတ်အားပြောကြားခွင့်မရှိကြောင်း
ပြန်လည်ဖြေကြားသည်။
"ကျွန်တော်တို့ပါတီက
အစီအမံနဲ့ ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံကို ပြောင်းလဲလိုက်ပါတယ်။လွန်ခဲ့
တဲ့
၁-ရက်၊ ၂-ရက်လောက်ကပါ။ ကျွန်တော်တို့ပါတီက ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်
မောင်သိမ်းကို တာဝန်လွှဲလိုက်ပါတယ်။ဘာကြောင့်လည်းဆိုတော့ ကျွန်တော့်အနေနဲ့
ဖြေကြားခွင့်
မရှိ ပါဘူး၊" ဟု ၄င်းက ဆိုသည်။
မရှိ ပါဘူး၊" ဟု ၄င်းက ဆိုသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံဦးအောင်သိန်းလင်းနှင့်
တရုပ်နိုင်ငံထုတ် သတင်းစာ Southern Weekend တို့တွေ့ဆုံခဲ့ရာ အချို့သော
အချက်အလက်များ အမှားအယွင်းများရှိသောကြောင့် ဦးအောင်သိန်းလင်းအနေဖြင့် အမှန်တကယ်
ပြောကြားခြင်း၊ရှိ-မရှိကို ပြည်ခိုင်းဖြိုးပါတီမှ
စိစစ်ဆောင်ရွက်လျက်ရှိပြီး၊တွေ့ရှိချက်များအပေါ်မူတည်၍ ပါတီမှ ပါတီ
စည်းကမ်းအရ အရေးယူဆောင်ရွက်သွားမည်ဟု ဇူလိုင် (၂၈) ရက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေး ပါတီ၏ ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ ပါတီ၏စိစစ်ဆောင်ရွက်ချက်အား ပြည်ခိုင်ဖြိုး
ပါတီ၏ အထွေအထွေ အတွင်းရေးမှူး ဦးဌေးဦးက "ဒီကိစ္စက ကျွန်တော်တို့ပါတီတွင်းကိစ္စဖြစ်လို့
ဘာမှမပြော" ချင်ပါဘူး၊ကျွန်တော်တို့ပါတီက အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကြေငြာချက်ထုတ်သွားမှာပါ
ဟုဆိုသည်။
စည်းကမ်းအရ အရေးယူဆောင်ရွက်သွားမည်ဟု ဇူလိုင် (၂၈) ရက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေး ပါတီ၏ ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ ပါတီ၏စိစစ်ဆောင်ရွက်ချက်အား ပြည်ခိုင်ဖြိုး
ပါတီ၏ အထွေအထွေ အတွင်းရေးမှူး ဦးဌေးဦးက "ဒီကိစ္စက ကျွန်တော်တို့ပါတီတွင်းကိစ္စဖြစ်
ဘာမှမပြော" ချင်ပါဘူး၊ကျွန်တော်တို့ပါတီက အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကြေငြာချက်ထုတ်သွားမှာပါ
ဟုဆို
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ယခင်ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံဦးအောင်သိန်း
လင်း (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) သည် ၂၀၁၀ ပြည်နှစ် အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း ဒေသကြီး တောင်ဥက္ကလာပ မဲဆန္ဒနယ်တွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာမှ အနိုင်ရရှိခဲ့သူဖြစ်
လင်း (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) သည် ၂၀၁၀ ပြည်နှစ် အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း ဒေသကြီး တောင်ဥက္ကလာပ မဲဆန္ဒနယ်တွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာမှ အနိုင်ရရှိခဲ့သူဖြစ်
သည်။ လွှတ် တော်ကိုယ်စားလှယ်တစ်ဦးကို တာဝန်မှ
ပြန်လည်ရုပ်သိမ်းခွင့်နှင့်ပတ်သက်ပြီး အခြေခံ
ဥပဒေပုဒ်မ ၃၉၆ ပုဒ်မ (ခ) အရ သက်ဆိုင်ရာမဲဆန္ဒနယ်၏
မူလမဲဆန္ဒရှင်များအနက် အနည်းဆုံး ၁- ရာခိုင်နှုံးလောက်က တာဝန်မှ
ပြန်လည်ရုပ်သိမ်းလိုသောလွှတ်တော်ကိုယ်စားလှယ်နှင့် ပတ်သက်သည့် တိုင်းတန်းချက်များ
ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြရမည်ဟု ပါရှိသည်။
7-8-2012
နေ့ထုတ် True News သစ္စာ သတင်းဂျာနယ်။
ရေးသားသူ- ကြာညိုသောင်းတင်။