Tuesday, August 14, 2012

ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး တောင်းဆိုဆန္ဒပြ


၁၃ ရက်နေ့ ညနေ ၃း၀၀ နာရီမှ ၄း၀၀ နာရီက တိုကျို ရှိနာဂါဝါအရပ်ရှိ မြန်မာသံရုံးရှေ့၌ တရားဥပဒေ  စိုးမိုးရေး ခိုင်မာအောင် လုပ်ဖို့ တောင်းဆိုကြပြီး အကျဉ်းထောင်များတွင် ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်ရေး၊ တိုင်းရင်းသား ဒေသတွေမှာ  ထိုးစစ်ဆင်နေတာတွေကို အမြန်ဆုံးရပ်စဲပြီး စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ဖေါ်ဆောင်ရန်၊ လယ်သမား အလုပ်သမား   ပြည်သူတွေရဲ့ ဘဝ တွေကို ကာကွယ် စောင့်ရှောက်ရန်အတွက်   တောင်းဆိုဆန္ဒပြပွဲကို ကျင်းပပြုလုပ်ခဲ့ကြပါသည်။