မြစ်ဆုံဆည် ကိစ္စတွင် ပြည်သူများ၏ ဝေဖန်ကန့် ကွက်မှုကို ရရှိခဲ့သည့် အမှတ် (၁)
လျှပ်စစ်ဝန် ကြီးဦးဇော်မင်းအား သမ္မတ ဦးသိန်းစိန် ၏ အမိန့်  ဖြင့် ယနေ့  မှ စတင်ကာ
ရာထူး တာဝန် မှ နှုတ်ထွက်ခွင့်ပြူ လိုက် သည် ဟု သမ္မတ ရုံး အင်တာနက် စာမျက် နှာ
တွင် ဖော် ပြထား သည်။
၎င်း နှင့်အတူ မြစ်ဆုံ ဆည် တည်ဆောက် ရေးစီမံကိန်းကို အကောင်အထည်ဖော်ခဲ့ရသူ တစ်
ဦးဖြစ်သည့် ဆောက်လုပ်ရေး ၀န်ကြီးဌာန ၀န်ကြီး ဦးခင်မောင်မြင့်ကိုလည်း နှုတ်ထွက်ခွင့်
ပြုကြောင်း ဖော်ပြထားသည်။
ပြီးခဲ့သည့် လအနည်းငယ်အတွင်းက မြန်မာ နိုင်ငံတွင်း လျှပ်စစ်မီး ပြတ်တောက်မှုများ ဖြစ်
ပေါ်စဉ် ပြည်သူ များက ဦးဇော်မင်း နှုတ်ထွက်ပေးရန် တောင်းဆိုခဲ့သည်။
ဦးဇော်မင်း သည် ပြီးခဲ့သည့် နှစ်က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် တရုတ် နိုင်ငံ
သို့  လျှပ်စစ် ယူနစ်များ ရောင်းချခြင်းသည် ပိုလျှံ၍ ရောင်းချခြင်းဖြစ်သည်ဟု ပြောကြားခဲ့
သည်။
ထို သတင်းစာ ရှင်းလင်းပွဲမှာ သူက ပြည်သူများကန့် ကွက် နေသည့် ကြားမှ မြစ်ဆုံဆည်
တည် ဆောက်မှုကို နောက်ဆုတ်မည် မဟုတ်ဟု ပြောကြားခဲ့သည်။FNG