Friday, August 31, 2012

အမေရိကန်၏ မြန်မာနိုင်ငံဖွံ့ဖြိုးရေးဆိုင်ရာ မစ်ရှင်ညွှန်ကြားရေးမှူးခန့်အပ်


၂၀၁၂-၈-၃၁
အမေရိကန်၏ USAID(U.S. Agency for international Development) မြန်မာနိုင်ငံဖွံ့ဖြိုးရေးဆိုင်ရာ မစ်ရှင်ညွှန်ကြားရေးမှူးသစ်အဖြစ် ခရစ္စစ်  မီလီဂန်ကို ခန့်အပ်လိုက်ကြောင်းသိရသည်။
ခရစ္စစ် မီလီဂန်သည် ၀ါရှင်တန်ဒီစီ၌ ယင်းရာထူးအတွက် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် အမေရိကန်၏ မြန်မာနိုင်ငံသို့ အကူအညီပေးရေးများအတွက် တာဝန်ယူဆောင်ရွက်ရမည်ဖြစ်သည်။
USAID(U.S. Agency for international Development) သည် ၂၀၁၂ ခုနှစ် ဇူလိုင်လမှ စတင်ကာ မြန်မာနိုင်ငံတွင် ရုံးခွဲဖွင့်လှစ်ခဲ့ပြီး လက်ရှိတွင် ဗန်ကောက်မြို့ရှိဒေသဖွံ့ဖြိုးရေးအစီအစဉ်မှတဆင့် မြန်မာနိုင်ငံအတွက် ကန်ဒေါ်လာ ၃၅ သန်းကျော်ဖိုးအကူအညီများပေးအပ်ထားသည်ဟု ၄င်းတို့၏ ထုတ်ပြန်ချက်အရသိရသည်