မီဒီယာလွတ်လပ်ခွင့်ဆန္ဒဖော်ထုတ်ပွဲကို သာလွန်ဇောင်းထက်၊
ဥာဏ်လင်းအောင်၊ မင်းထက်စံ။ သူရမျိုးတို့က ဦးဆောင်မည်ဟု
သိရသည်။
ဂျာနယ်လစ်များ မကြာခဏ ဆန္ဒပြခြင်း၊ စုရုံးခြင်းနှင့် ပတ်သက်၍ Eleven Media Group ၏ သဘောထား
၁။ သတင်းလွတ်လပ်ခွင့် ကော်မတီ၏ တောင်းဆိုချက် ခုနှစ်ချက်ကို ထောက်ခံသော်လည်း ဆန္ဒပြမည့် ကိစ္စရပ်ကို Eleven Media Group အနေဖြင့် မထောက်ခံပါ။
၂။ ဂျာနယ်လစ်များ
အနေဖြင့် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများကဲ့သို့ ဆန္ဒပြခြင်း၊ စုရုံးခြင်းများကို မကြာခဏ မပြုလုပ်သင့်ကြောင်း ရှုမြင်ပါသည်။
၃။ ဂျာနယ်လစ်များသည် နိုင်ငံရေး လုပ်ကိုင်သူများ မဟုတ်သဖြင့် လတ်တလော အခြေအနေများ အပေါ် မူတည်၍ နိုင်ငံရေး အလုပ်နှင့် မီဒီယာအလုပ်ကို ခွဲခြားသိမြင်သင့်ကြောင်း ယူဆပါသည်။
၎။ ဂျာနယ်လစ်များသည် နိုင်ငံရေး သမားများကဲ့သို့ ဆန္ဒပြတောင်းဆိုခြင်းမျိုးကို နိုင်ငံရေး နည်း လမ်းဖြင့် မကြာခဏ မလုပ်ဆောင်သင့်ကြောင်း အကြံပြုအပ်ပါသည်။
( 16 ရက်နေ့က အောက်ပါအတိုင်း ထုတ်ပြန်ခဲ့တာကို ရည်ညွန်းခြင်းဖြစ်ကြောင်း သိရပါသည်။)သည်။ ဆန္ဒပြမည့်နေရာမှာ မြို့တော်ခန်းမအနီးဖြစ်ပြီး ဆန္ဒပြခွင့်ကို သြဂုတ်လ ၂၁ ရက်နေ့တွင် ကျောက်တံတားမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ တရားဝင် လျှောက်ထားမညဖြစ်သည်။
သတင်းလွတ်လပ်ခွင့်ကော်မတီ အထူးထုတ်ပြန်ကြေငြာချက်
ရက်စွဲ- သြဂုတ် ၁၆၊ ၂၀၁၂ ခုနှစ်။
သြဂုတ် ၁၆ ရက်နေ့တွင် ကျင်းပသော သတင်းလွတ်လပ်ခွင့်ကော်မတီ၏ လုပ်ငန်းဖြစ်မြောက်ရေး ဆပ်ကော်မတီအစည်းအဝေးတွင် အောက်ပါဆုံးဖြတ်ချက်များကို ချမှတ်လိုက်သည်။
၁။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့်ထိုက်တန်သော သတင်းလွတ်လပ်ခွင့်မရှိသေးသည့် ကိစ္စနှင့် ပတ်သက်ပြီး သတင်းမီဒီယာသမားများက တည်ဆဲဥပဒေများနှင့်အညီ တရားဝင်ဆန္ဒခွင့်
လျှောက်ထားမည်ဖြစ်သည်။
၂။ သြဂုတ် ၂၂ ရက်နေ့တွင် Press Freedom အမှတ်တံဆိပ်ပါ အမည်းရောင်ဦးထုပ်များကို သတင်းမီဒီယာသမားများထံ ဖြန့်ဝေမည်ဖြစ်ပြီး ယင်းအမည်းရောင် ဦးထုတ်များကို ၀တ်ဆင်ခြင်းဖြင့် မြန်မာနိုင်ငံတွင်
ဒီမိုကရေစီနှင့် ထိုက်တန်သော သတင်းလွတ်လပ်ခွင့် မရသေးသည်ကို ဖော်ထုတ်ရန်ဖြစ်သည်။
၃။သြဂုတ် ၂၃ ရက်နေ့ ဒဂုံမြို့နယ် တရားရုံးတွင် The Voice Weekly ရင်ဆိုင်နေရသော အမှုအတွက် စွဲချက် တင်သင့် ၊မတင်သင့် တရားရုံးက ဆုံးဖြတ်မည်ကို Press Freedom တံဆိပ်ပါ အမည်းရောင် ဦးထုပ် နှင့် အမည်းရောင် အင်္ကျီများ ၀တ်ဆင်သွားရောက် သတင်းယူကြမည်ဖြစ်သည်။
၎။သြဂုတ် ၂၄ ရက်နေ့ ပုဇွန်တောင်မြို့နယ်တရားရုံးတွင

် တရားရင်ဆိုင်နေရသော လျှပ်တပြက် ဂျာနယ်အမှုကို Press Freedom တံဆိပ်ပါ ဦးထုပ် နှင့် အမည်းရောင် အင်္ကျီများ ၀တ်ဆင် သွားရောက်သတင်းယူကြရန် ဖြစ်သည်။
၅။သြဂုတ် ၂၄ ရက်နေ့ ညနေ ၃ နာရီအချိန်၌ တော်ဝင်နှင်းဆီတွင် သတင်းလွတ်လပ်ခွင့် မရရှိသေးသည့် ကိစ္စ ၊ ဆင်ဆာ မဖျက်သိမ်းသည့် ကိစ္စ ၊ မီဒီယာ ဥပဒေကို မီဒီသမားများအား အသိမပေးဘဲ ရေးဆွဲနေမှုအပါအ၀င် သတင်းမီဒီယာထိန်းချုပ်နေမှုများက
ို ဖယ်ရှားပေးရန် ကိစ္စနှင့် ပတ်သက်သော အထူးသတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်သည်။
၆။ဒီမိုကရေစီနှင့် ထိုက်တန်သော သတင်းလွတ်လပ်ခွင့် ရရှိရေး ၊လိုအပ်သော လှုပ်ရှားမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။
လုပ်ငန်းဖြစ်မြောက်ရေးဆပ်ကော်မတ
ီ
သတင်းလွတ်လပ်ခွင့်ကော်မတီ
ရန်ကုန်မြို့။