Tuesday, August 21, 2012

ရလဒ် ထွက်ပေါ်ရေး အားပြုရမည့် ဥပဒေပြုရေး

 ၂၀၁၂-၈-၂၁
တစ်နှစ်ခွဲ သက်တမ်း ရှိလာပြီဖြစ်သော အစိုးရသစ်၏ ပြည်ထောင်စု အဆင့် ဥပဒေပြုရေး အခန်း   ကဏ္ဍမှာ အစည်းအဝေး တစ်ကြိမ်နှင့် တစ်ကြိမ် အကြား သိသိသာသာ တိုးတက် လာသော်လည်း    ပြုပြင်၊ ပယ်ဖျက်၊ အသစ်ပြဋ္ဌာန်း ရမည့် ဥပဒေများ များစွာ ရှိနေသဖြင့် လက်ရှိ လုပ်ဆောင်ချက်    များမှာ အသွင် ကူးပြောင်း ကာလ မြန်မာနိုင်ငံ၏ လိုအပ်ချက် များကြောင့် များစွာပေါ်လွင် ထင်ရှားမှု မရှိသေးသည်ကို တွေ့ရသည်။
ပြည်ထောင်စု လွှတ်တော်က ၁၈ လတာ သက်တမ်း ကာလ အတွင်း ဥပဒေ အသစ် ၂၈ ခုပြဋ္ဌာန်း    နိုင်ခဲ့ပြီး ယင်း ဥပဒေများတွင် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဥပဒေ၊ အလုပ်သမား အဖွဲ့       အစည်း ဥပဒေ၊ နိုင်ငံခြား သုံးငွေ စီမံ ခန့်ခွဲမှု ဥပဒေကဲ့သို့ အရေးပါသော ဥပဒေ များလည်း ပါဝင်သည်ကိုတွေ့ရသည်။
သို့သော် ခေတ်နှင့်လိုက်လျောညီထွေမရှိသဖြင့် ပြင်ဆင်၊ ပယ် ဖျက်ရမည့် ဥပဒေများစွာ ရှိနေသေး    သည်။ ယင်းအပြင် လွှတ်တော်က ပြဋ္ဌာန်းလိုက်သည့် ဥပဒေများကို အစိုးရအုပ်ချုပ်ရေးအဖွဲ့က အကောင်အထည်ဖော်မှု နှေးကွေးနေခြင်းနှင့် အစိုးရအဖွဲ့က တင်ထားသည့် ဥပဒေကြမ်းများ လွှတ်တော်တွင် ဆုံးဖြတ် အတည်ပြုရန်နှောင့် နှေးခြင်းကဲ့သို့သောကိစ္စများ ယခုထက် ပိုမြန်ဆန်     လာရေး ဟန်ချက် ညီညီ လုပ်ဆောင်ရန်များစွာ ကျန်ရှိနေသေးသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ပြည်သူ့ လွှတ်တော် ရေးရာ ကော်မတီ ဥက္ကဋ္ဌတစ်ဦးဖြစ်သူ ဦးသိန်းဆွေက   နိုင်ငံသားများ၏ အကျိုးစီးပွား အတွက် လွှတ်တော် သက်တမ်း တစ်နှစ်ခွဲ အတွင်းတွင် ဥပဒေသစ်       ၂၅ ခုကျော် အတည်ပြုနိုင် ခဲ့ပြီဖြစ်သော်လည်း သက်ဆိုင်ရာ ၀န်ကြီးဌာနများက နည်းဥပဒေများ ဆက်လက် ထုတ်ပြန်နိုင်ရန် လိုအပ်သည်ထက် အချိန် ပိုမိုယူရခြင်း၊ အချို့ ဥပဒေများဆိုပါက    ပြည်ထောင်စု လွှတ် တော်က ပြဋ္ဌာန်းပြီး တစ်နှစ်ကျော်ကြာသည်အထိ နည်းဥပဒေထုတ်       ပြန်နိုင်ခြင်း မရှိသည်ကို တွေ့ရကြောင်း သုံးသပ်ပြောကြားသည်။
လွှတ်တော်များ ပိုမို ပီပြင် ထိရောက် စေရေးနှင့် ပတ်သက်၍ အရေးကြီးသော နိုင်ငံတကာ           ထုံးတမ်း စဉ်လာတစ်ခုမှာ လွှတ်တော်အနား ယူချိန် နှစ်လ၊ သုံးလမှလွဲ၍ လွှတ်တော်အစည်း       အဝေးများ တစ်နှစ် ပတ်လုံး ကျင်းပရခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း တစ်နှစ်ခွဲတာ ကာလ     အတွင်း လွှတ်တော်အစည်းအဝေး လေးကြိမ်တိုင်တိုင်ခေါ်ယူ ခဲ့ရာ အချိန်ကာလအားဖြင့် နည်းပါး    သည်ဟု မဆိုနိုင်ပေ။
သို့သော် လွှတ်တော် အစည်းအဝေး ဆိုရာတွင် အပိုင်းနှစ်ပိုင်း ရှိသည်။ တစ်ပိုင်းမှာ Plenary     ဟုခေါ်သော ကိုယ်စားလှယ် အားလုံး ပါသော အစည်းအဝေးဖြစ်ပြီး နောက်တစ်ပိုင်းမှာ ကော်မ    တီအစည်း အဝေးများဖြစ်သည်။
ကော်မတီအစည်းအဝေးများမှာ လွှတ်တော်များ၏ အသက် ဖြစ်ပြီး ကိုယ်စားလှယ်အားလုံးပါ        ၀င်သော အစည်းအဝေးကြီးများမှာ ကော်မတီများ၏ တင်ပြချက်များကို မဲခွဲဆုံးဖြတ်သော          နောက်ဆုံး အဆင့်အစည်းအဝေးများဖြစ်သည်။
လူပေါင်းရာချီ၍တက်သော Plenary အစည်းအဝေးများမှာ မေးခွန်းများအမေးအဖြေပြုခြင်း၊ အဆို များမဲခွဲခြင်းအတွက် အချိန်အချို့ပေးပြီးလျှင် အဓိကမှာ ကော်မတီများ၏တင်ပြချက်ကို မဲခွဲ၍ ဆုံးဖြတ်ပေးရခြင်းဖြစ်ပါသည်။
အစိုးရအဖွဲ့အလုပ်လုပ်နိုင်စေရန် မေးခွန်းများကိုတစ်ပတ်လျှင် တစ် ကြိမ်သာ မေးခွင့်ပြုလေ့ရှိသည်။ အရေးအကြီးဆုံးမှာ ကိုယ်စားလှယ် များ၏ တင်ပြချက်၊ လိုလားချက်အားလုံးကို သက်ဆိုင်ရာကော်         မတီထံ ရောက်ရှိစေ၍ စနစ်တကျစစ်ဆေးကြားနာပြီးနောက်မှ လွှတ်တော် အစည်းအဝေးကြီးသို့ ကျစ်လျစ်သောတင်ပြချက်များအဖြစ် ရောက် ရှိစေကာ အဆုံးအဖြတ်ပေးစေခြင်းဖြစ်သည်။
ပြည်သူ့လွှတ်တော်တွင် အမြဲတမ်းကော်မတီ လေးရပ်၊ အခြား ကော်မတီ ၂၀ နှင့် ကော်မရှင်တစ်ရပ် ကိုဖွဲ့စည်းထားပြီး အမျိုးသား လွှတ်တော်တွင်လည်း အမြဲတမ်းကော်မတီလေးရပ်နှင့် ကော်မတီ            ၁၃ ခု ဖွဲ့စည်းထားပြီးဖြစ်သည်။
သို့သော် ရေးရာကော်မတီများတွင် ကော်မတီတစ်ခုနှစ်ခုမှလွဲ ၍ အများစုမှာ ဖွဲ့စည်းထားရုံ သက်သက်သာဖြစ်ပြီး အသက်မ၀င်သေး သည်ကိုတွေ့ရသည်။
လွှတ်တော်လုပ်ငန်းစဉ်များ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန် ပြည်သူ့လွှတ်တော်တစ်ခုတည်း ပင် ရေးရာကော်မတီ ၂၀ ကျော် ဖွဲ့စည်းထားပြီးဖြစ်သော်လည်း ဥပဒေကြမ်းကော်မတီ၊ အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေးကော်မတီ၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီနှင့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်တို့သာ အားကောင်းမောင်းသန် ဆောင်ရွက်ကြပြီး ရေးရာကော်မတီ အများစုမှာ တစ်နှစ် သက်တမ်းကျော် လွန်လာသည့် တိုင်အောင် သက်ဆိုင်ရာ နယ်ပယ် အသီးသီးမှ ပုဂ္ဂိုလ် များနှင့် တွေ့ဆုံညှိနှိုင်းခြင်း၊ အကြံဥာဏ်တောင်းခံခြင်းများ တစ်ကြိမ်တစ်ခါမျှ ပြုလုပ်သည် ကို မတွေ့ရကြောင်း ပြည်သူ့      လွှတ်တော် ကိုယ်စားလှယ် အချို့က ပြောကြားသည်။
လွှတ်တော်များ၏အသက် မှာ ရေးရာ ကော်မတီမျာ၏ ကြားနာမှုဖြစ်သောကြောင့် ရေးရာ ကော်မတီများဝန်ကြီး ဌာနအလိုက် ဖွဲ့စည်း ထူထောင် ၍ ပြည်  သူလူထု အပါအ၀င် ကိုယ်စားလှယ်များ၏ လေ့လာ ကြားနာပေးပါရန် တောင်းဆို ချက်များကို   လေ့လာကြားနာကာ လွှတ်တော်အစည်းအဝေးကြီးသို့ တင်ပြ၍ အဆုံးအဖြတ်ခံယူခြင်းတို့ လုပ် ဆောင်ရမည်ဖြစ်ပေရာ ရေးရာကော်မတီများ အသက် မ၀င်ပါက လွှတ်တော်တွင် ရလဒ် ထွက်ပေါ်ရေး နှောင့်နှေးကြန့် ကြာမည်ဖြစ်သည်။ ပုံမှန်အားဖြင့် Plenary ဟုခေါ်သော ကိုယ်စား         လှယ် အားလုံး ပါသော လွှတ်တော် အစည်းအဝေးများ ရပ်နား ထားချိန်တွင် ကော်မတီ အစည်း   အဝေးများ ပုံမှန် ခေါ်ယူခြင်းဖြင့် တစ်နှစ်ပတ်လုံး လွှတ်တော် ခေါ်ယူသကဲ့သို့ ဖြစ်သွားမည်ဖြစ်ရာ လွှတ်တော် ကိုယ်စားလှယ် အားလုံး သည် ရေးရာ ကော်မတီ တစ်ခုခုတွင် ပါဝင်နေရန် လိုအပ်           သည်။
ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့ လွှတ်တော်တို့ လုပ်ငန်းစဉ်များထိရောက်အောင်မြင်စွာဆောင်ရွက်နိုင် ရေးတွင် ဟန့်အတားဖြစ်စေသောအချက်         များ၌ လွှတ်တော်ရေးရာ ကော်မတီများကို ပြည်ထောင်စု အဆင့်မဟုတ်ဟု ဖွဲ့စည်းပုံ အခြေခံ   ဥပဒေခုံရုံးက ဆုံးဖြတ် လိုက်ခြင်းမှာလည်း အရေးပါကြောင်း၊ ရေးရာ ကော်မတီများ ပြည်ထောင်စု     အဆင့် မဟုတ်သဖြင့် လွှတ်တော် ကိုယ်စားလှယ်များ၏ အဆိုတင်သွင်းခြင်းနှင့် မေးခွန်း မေးမြန်းခြင်းကို ပြည်ထောင်စု အဆင့် ၀န်ကြီးများ ကိုယ်တိုင်     လာရောက်   ဖြေကြားခြင်း မရှိဘဲ ဒုတိယ၀န်ကြီးများသာ လာရောက် ဖြေကြားကြောင်း အမျိုး သားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ရှင်းပြသည်။
တစ်နှစ်ခွဲကျော် သက်တမ်းသို့ ရောက်ရှိလာပြီ ဖြစ်သော မြန်မာ အစိုးရ၏ ဥပဒေပြုရေး ကဏ္ဍနှင့် အုပ်ချုပ်ရေး ကဏ္ဍတို့ အပြန်အလှန် ထိန်းကျောင်းမှု ပုံပေါ်လာသော်လည်း အပြန်အလှန် ပူးပေါင်း ဆောင်ရွက်မှုတွင် လိုအပ်ချက်များ ရှိနေဆဲ ဖြစ်သည်ကို တွေ့ရသည်။ ယင်းအပြင်            စနစ်၏ သဘော သဘာဝ အရ အပြန်အလှန် ထိန်းကျောင်းမှု ဆိုသည့်မူ အပေါ်တွင် နှစ်ဖက်စလုံး          က နားလည်မှုရှိရှိ ပူးပေါင်း ဆောင်ရွက်ရန် လိုကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ်ကြ        သည်။ ဤနေရာတွင် အရေးကြီးသည့် အချက်မှာ ဥပဒေပြု လွှတ်တော်နှင့် အစိုးရ အုပ်ချုပ်ရေး    မဏ္ဍိုင်နှစ်ခု အကြား အပြန်အလှန် ထိန်းကျောင်း မှုဖြစ်သည်။ စနစ်ဟောင်းမှ စရိုက်ဟောင်းများဖြင့် ပုဂ္ဂိုလ်ရေး ပါသော အမြင် သဘောထားများ နှစ်ဖက်စလုံးတွင် ရှိနေပါက အခြေခံ ဥပဒေ၏ အနှစ်  သာရကို လက်တွေ့ အကောင်အထည်ဖော်ရန် ခဲယဉ်းနေမည်ဖြစ် သည်။
ဤနေရာတွင် လွှတ်တော်များကို ထိန်းကျောင်းကြီးကြပ်ပေး သူများ တစ်နည်းအားဖြင့် ကစားပွဲ ကိုကြီးကြပ်သည့် ဒိုင်လူကြီးများ ၏ အရည်အချင်းနှင့်စိတ်ထားက များစွာအရေးကြီးသည်။ ၀ီစီမှုတ် ၍စည်းကမ်းနှင့်အညီ ကြီးကြပ်ထိန်းသိမ်းခြင်းထက်ကျော်လွန်ကာ ကိုယ်တိုင်ဝင်ကန်မိပါက အုပ်ချုပ်ရေးအာဏာနှင့် ထိပ်တိုက်တွေ့လာ နိုင်သည်ကိုလည်း အထူးသတိချပ်ရမည်ဖြစ်သည်။
တစ်ခါတစ်ရံ အနှစ်သာရမပါသော စကားလုံးများကို ငြင်းခုံနေခြင်းအားဖြင့်လည်း တန်ဖိုးရှိသော         အချိန် များ၊ အင်အားများဖြုန်းတီးမပစ်ရန်နှင့် သွားမည့် ခရီးကြန့်ကြာမှုမဖြစ်ရန်လိုသည်။ တူညီသောပန်းတိုင်ချင်းတူပါက မတူညီမှုကိုလက်ခံကာ တူညီသည့်အရာများ၊ အရေးတကြီး လုပ်ကိုင် ဆောင်ရွက်စရာများ အချိန်မဆိုင်း အကောင်အထည်ဖော်နိုင်မှသာ   ရှေ့ခရီး ဆက်နိုင်မည်ဖြစ်သည်။
မည်သို့ပင်ဆိုစေ ဥပဒေပြုရေးကဏ္ဍအနေနှင့် ပယ်ဖျက်၊ ပြုပြင်ရန် ကျန်ရှိနေသေးသော           ဥပဒေများကို အချိန်တို အတွင်း ပယ်ဖျက် ပြုပြင်ခြင်း၊ အသစ်ပြဋ္ဌာန်းခြင်းများ လုပ်ဆောင်ရန် လိုသကဲ့သို့ ပြဋ္ဌာန်း ပြီး ဥပဒေများ အုပ်ချုပ်ရေးပိုင်းက အမြန်ဆုံး အကောင်အထည် ဖော်ရေးမှာ       များစွာ အရေးကြီးလှပေရာ ကျန်ရှိနေသည့် သုံးနှစ်ခွဲ ကာလတွင် ရလဒ်ကောင်းများ ထွက်ပေါ်   လာစေရေး ဦးတည်ရတော့ မည်ဖြစ်သည်။