၂၀၁၂-၈-၂၄
လွှတ်တော်ကော်မရှင်တွေဟာ နိုင်ငံတော်အဆင့် ဟုတ်မဟုတ်ဆိုတဲ့ အယူအဆနဲ့ပတ်သက်လို့ လွှတ်တော်နဲ့ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးတို့အကြား အပြန်အလှန် ငြင်းခုန် မှုတွေ ဖြစ်ပေါ်နေတာမှာ ခုံရုံးရဲ့ ဆုံးဖြတ်ချက်ဟာ တည်ဆဲဥပဒေတွေကို ချိုးဖောက်တဲ့ ဆုံးဖြတ် ချက်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာပေးရေး အဆိုကို ဆွေးနွေးကြဖို့ ပြည်ထောင် စုလွှတ်တော်မှာ အများစုရဲ့ မဲဆန္ဒနဲ့ အတည်ပြုလိုက်ကြပါတယ်။