Tuesday, August 21, 2012

အာဏာကို အလွဲသုံးစားလုပ်နေသော ဒုရဲမှူးကြီး မိုးသန်းအောင်အား အရေးယူပေးရန် တိုင်ကြားခြင်း

          ၂၀၁၂-၈-၂၁
 ရန်ကုန်တိုင်းဒေသကြီး ရဲသတင်းတပ်ဖွဲ့ မှ ဒုရဲမှူးကြီး မိုးသန်းအောင်သည် စစ်တပ် (ဗိုလ်မှူးအဆင့်မှ) ပြောင်းရေဤ ရောက်ရှိလာသည့် သဘောထားအလွန်တင်းမာသူတစ်ဦးဖြစ်
ပါသည်၊ လက်အောက်ဝန်ထမ်းများအပေါ်တွင် အကောက်တရားဖြင့် ဖိနှိပ်အုပ်ချုပ်နေသကဲ့သို့  အထက်အကြီးအကဲများအပေါ်တွင် အယုံအကြည် ကင်းမဲ့သူလည်းဖြစ်ပါသည်၊ ဝန်ထမ်း စည်းမျဉ်းစည်ကမ်းများကို လျစ်လျူရှု့ ၍ သူထင်ရာသူပြော။သူခိုင်းသလိုလုပ်။ အကောက်
တရားသွတ်သွင်း ။ မလုပ်ရင်ဆဲဆို ကြိမ်းမောင်း ။ မကြားဝံ့မနာသာပြော ။ နာရီပေါင်းများစွာ   မတ်တတ်ရပ် ဒါဏ်ပေး ။ သူ၏အခွင့်အာဏာကို အလွန်အ ကျွန်သုံး ။ ဝန်ထမ်းများမကျန်မာ၍ ခွင့်တင်သည်ကို ခွင့်မပေးဘဲ  ဝန်ထမ်းနေအိမ်သွားရောက် စုံစမ်းခိုင်း ။ ဝန်ထမ်း မိခင်
ကွယ်လွန်၍ ခွင့်တင်သည်ကို ခွင့်မပေး ။ သေတာ ဟုတ်မဟုတ် သွားကြည့်ခိုင်း ။ ညအချိန်
မတော် ညည့်နက်သန်းခေါင်ကျော် အိပ်စက်အနားယူချိန်တွင် အချိန်ပိုမတရားအလုပ်ခိုင်း ။ ဝန်
ထမ်း လစာထဲမှ တစ်လ (၃ဝဝဝ) ကျပ်စီ လစဉ်ဖြတ်တောက် စသည့်ဝန်ထမ်းအကြီးအကဲ      အခွင့်အာဏကို အလွန်အကျွံ့ သုံးစွဲခြင်း ။ ဝန်ထမ်းအခွင့်အရေး ။ လူအခွင့်အရေးချိုးဖေါက်
်ခြင်းများ ပြုမူနေပါသည်။ ဝန်ထမ်းများသာမက ဝန်ထမ်းမိသားစုဝင်များကိုလည်း စိတ်ဆင်းရဲ      ဖြစ်အောင် အမျိုးမျိုးနှိပ်စက်နေပါသည်။

        နိုင်ငံတော်သမ္မကြီး၏ ကောင်းမွန်သောအစိုးရ။သန့် ရှင်းသော အစိုးရတစ်ရပ်အဖြစ်အောင်
ဆောင်ရွက်နေချိန် ယခုလို ဒုရဲမှူးကြီး မိုးသန်းအောင်ကဲ့သို့  ဝန်ထမ်းအကြီးအကဲတစ်ဦး၏ လုပ်ရပ်များသည်နိုင်ငံတော်သမတကြီး ဆောင်ရွက်ချက်များကို များစွာထိခိုက်လာနိုင်ပါသည်။ ၄င်းကဲ့သို့ ဝန်ထမ်းအကြီးအကဲမျိုးနိုင်ငံတော်၏ ဝန်ထမ်းလောကတွင် မရှိသင့်ပါ၊ အောက်ပါ   ဝန်ထမ်းများ၏ ခံစားနေရခြင်းကိုနိုင်ငံတော်သမတကြီးနှင့် နိုင်ငံတော်အကြီးအကဲများ။ဝန်ထမ်း
ကြီးအကဲများ သိရှိစေရန်နှင့် ဖြေရှင်းပေးရန် တင်ပြအပ်ပါသည်၊