Thursday, August 2, 2012

ယနေ့ အထိ မမေ့နိုင်သော ၈၈၈၈ သမိုင်းဝင်လူထုလှုပ်ရှားမှုကြီး (၂၄) နှစ်တိတိပြည့်မြောက်ခဲ့ပါပြီ။

တစ်ပါတီအာဏာရှင်စနစ်ကိုတော်လှန်ဖြုတ်ချကာဒီမိုကရေစီစနစ်သစ်ကိုပြောင်းလဲတည်ဆောက်ရေး
အတွက်အသက်သွေး၊ချွေးပေါင်းများစွာပေးဆပ်ခဲ့ကြရပြီးတိုက်ပွဲဝင်ခဲ့ကြတဲ့အတွက်တစ်ပါတီအာဏာ    ရှင်စနစ်ဟာအဆုံးသတ်သွားခဲ့ရပါတယ်။မြောက်များစွာသောကျောင်းသားလူငယ်တွေ၊ရဟန်းသံဃာ       တော်   တွေ၊ပြည်သူလူထုတွေ ရဲ့ ခံယူချက်ပြင်းပြတဲ့သံမဏိစိတ်ဓါတ်တွေနဲ့ဦးနေ၀င်းရဲ့ တစ်ပါတီ အာဏာရှင်စနစ်ကိုဖြုတ်ချနိုင်ခဲ့ပေမဲ့ပိုမိုဆိုးဝါးတဲ့စစ်အာဏာရှင်စနစ်ဟာပေါ်ပေါက်လို့လာပါတယ်။ ယနေ့ဗမာပြည်မှာချုပ်ကိုင်စိုးမိုးကြီးစိုးနေတဲ့စစ်အာဏာရှင် တွေသည်မဆလတစ်ပါတီခေါင်းဆောင် ဦးနေ၀င်း   မွေးထုတ်ပေးခဲ့တဲ့ခေတ်သစ်ဖက်ဆစ်အာဏာရှင်များသာဖြစ် ကြပါသည်။ မတရားသဖြင့် အုပ်စိုးနေသာနအဖစစ်အာဏာရှင် လက်တစ်ဆုပ်စာလူစုကိုကျူပင်ခုတ်၊ကျူငုတ်ပါမကျန်အောင် တိုက်ထုတ်ကြပါရန် တိုက်တွန်းပြောကြားလိုပါတယ်။မတရားအုပ်ချုပ်သော မည်သည့်အစိုးရမဆို     ပြည်သူ လူထုမှ လက်မခံကြပေ။ခေတ်အဆက်ဆက်တွင် ကျောင်းသားလူငယ်များသည် မတရားမှုမှန်သမျှကို တွန်းလှန်ခဲ့ သော သံမဏိစိတ်ဓါတ်ပိုင်ရှင်များဖြစ်ကြသည်။ ၈.၈.၈၈ ခုနှစ်နေ့၌ ကျဆုံးခဲ့ကြသော အဌမတန်းကျောင်းသူလေး မ၀င်းမော်ဦးနှင့်တကွ ရဟန်းရှင်လူကျောင်း သားပြည်သူအပေါင်းတို့အား လည်းကောင်းတို့ ကျဆုံးခဲ့သော အမှတ်တရနေရာများတွင် ကျန်ရစ်သူလုပ်ဖေါ်ကိုင် ဘက် အပေါင်းသင်းများမှ လွမ်းဆွတ်သတိရသောအားဖြင့် ပန်းစီးများချရန် စီစဉ်နေသည်ဟု သိရှိရသည်။