Saturday, August 25, 2012

မြန်မာနိုင်ငံမှာ တောင်သူလယ်သမား အရေးတော်ပုံကြီး ပြန်လည်နှိုးထလာပြီလော

ရွှေနံ့သာကျေးရွာမှ လယ်သူမကြီး ဒေါ်အုန်မြင့်က ကျွန်မတို့ လယ်တွေကို လာလုနေပါတယ် ...
 ဦးခင်ရွှေက....... ကယ်ကြပါဦး ... ကူကြပါဦး သားတို့ သမီးတို့ရယ် ...

 ၂၀၁၂-၈-၂၅
စစ်ကိုင်းတိုင်း ထီးချိုင့်မြို့ နယ်မှာ နီကယ်စက်ရုံတည်ဆောက်ဖို့  သိမ်းဆည်းခံရတဲ့ လယ်ယာ
မြေတွအတွက် နစ်နာကြေးရဖို့  လယ်သမားတွေ ဆန္ဒပြခဲ့ကြပါတယ်။

ဒါ့အပြင် ပြည်ခိုင်ဖြိုးက သိမ်းယူထားတဲ့ လယ်မြေ ၃၈.၅ ဧက၊ ထူးကုမ္ပဏီက ၂၅.၈၃ ဧက၊          ဂရိတ်ဝေါ သကြားစက်ရုံက ၁၀၄ ဧက အစရှိတဲ့ သိမ်းယူထားတဲ့ လယ်မြေတွကို ပြန်ပေးဖို့    တောင်သူလယ်သမားတွေဟာ ထီးချိုင့်မြို့ ကနေ တမိုင်ခွဲလောက်ဝေးတဲ့ မိုင်းတုံကို လမ်းလျှောက် ဆန္ဒပြခဲ့ကြတယ်လို့  ဆိုပါတယ်။

မြန်မာနိုင်ငံတ၀ှမ်း တောင်သူလယ်သမားတွေရဲ့  လယ်ယာမြေတွေကို ကြံခိုင်ဖွံ့ ဖြိုးရေးပါတီက
မတရားသိမ်းယူခြင်း ဈေးနိမ့်၍ဖိအားပေးဝယ်ယူခြင်းများ နေ့ စဉ်နှင့်အမျှကြားသိနေရပြီး တောင်
သူလယ်သမားများ၏ အခွင့်အရေများ ဆုံးရှုံးနေရခြင်းနှင့်ပါတ်သက်ပြီး အစိုးရမှ ဥပဒေအရ ကာ
ကွယ်ပေးခြင်းမရှိသောကြောင့် လယ်သမားဦးရေ ၃၀၀၀၀ကျော်က နစ်နာဆုံးရှုံးနေကြရသည်။
မြန်မာနိုင်ငံတ၀ှမ်း တရားဥပဒေစိုးမိုးမှုမရှိသည့်အတွက် နစ်နာဆုံးရှုံးရသော တောင်သူလယ်သမား
များက မိမိတို့ ၏ ဒေသအသီးသီးမှ ရန်ကုန်မြို့ သို့  ချီတက်လာပြီး ဆန္ဒပြရန်စီစဉ်နေသည်ဟု လယ်သမားကြီး ဦးလှဖေမှပြောကြားသည်။
တောင်သူလယ်သမားထုကြီးက မိမိတို့ အခွင့်အရေး ဥပဒေနှင့်အညီရရှိရန် တောင်းဆိုဆန္ဒပြ
ပွဲကြီးပြုလုပ်သွားမည်ဟု သိရှိရသည်။