Wednesday, August 1, 2012

တက္ကသိုလ်ပညာရေး ဥပဒေ မှုကြမ်းအသစ်ရေးဆွဲမည်

၂၀၁၂-၈-၁
မြန်မာနိုင်ငံမှာ ပညာရေးစနစ်နိမ့်ကျနေတာ နှစ်ပေါင်း၅၀ ကျော်ရှိရှိခဲ့ပြီမို့  လူငယ်တွေရဲ့ ပညာရေး
စနစ်မြှင့်တင်ဖို့  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ အကြိမ်ကြိမ်ပြော
ဆိုခဲ့ပြီး ၃၁ရက်နေ့ မြန်မာ့ လွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည်မှ ခေတ်နှင့်ညီသောပညာရေးစနစ်
ရေးဆွဲဖို့ တိုက်တွန်းနှိုးဆော်ခဲ့ရာ လွှတ်တော်မှအတည်ပြုခဲ့ပါသည်။
 နိုင်ငံတကာနဲ့ အညီ ပြဋ္ဌာန်းနိုင်ရေးအတွက် ပြည်သူ့လွှတ်တော်ကို ပညာရေးမြှင့်တင်မှု ကော်မတီက လက်ရှိတင်ပြထားတဲ့ ၂၀၁၂ တက္ကသိုလ် ပညာရေး ဥပဒေမူကြမ်းကို အသစ်ပြန်လည် ရေးဆွဲပြီး လွှတ်တော်မှာ ထပ်မံဆွေးနွေးတင်ပြဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က တောင်းဆိုလိုက်ပါတယ်။