ရန်ကုန်မြို့၊တော်ဝင်နှင်းဆီစားသောက်ဆိုင် ရွှေဂုံတိုင်တွင်၊ ဇူလိုင်လ(၁၄) ရက်နေ့မှစ၍ အပါတ်စဉ်
စနေနေ့တိုင်း နေ့လည် (၂း၀၀) နာရီမှ ညနေ (၄း၀၀) နာရီထိ ပြုပြင်ပြောင်းလဲမှုနှင့် အနာဂတ်
မြန်မာပြည် ဆိုတဲ့ခေါင်းစဉ် အောက်မှာ ဟောပြောဆွေးနွေးလာကြရာ အခုဆို (၃) ပါတ်မြောက်ဖြစ်သော
ယနေ့ ဇူလိုင် (၂၈) ရက်နေ့မှာ အောင်ဖောင်ဒေးရှင်း (နာရေးကူညီမှု)က ဆရာမသန်းမြင့်အောင် မှ
ဟောပြောဆွေးနွေးပွဲကို ပြုလုပ်ခဲ့ပါသည်။
ပထမအကြိမ်ကို ဆရာမ မသီတာ (စမ်းချောင်း)နှင့် ဒုတိယအကြိမ်ကို ဆရာကိုမြင့်ဇော်တို့လည်း
တော်ဝင် နှင်းဆီ စားသောက်ဆိုင် ရွှေဂုံတိုင်တွင်ပင် ပြုပြင်ပြောင်းလဲမှုနှင့် အနာဂတ်မြန်မာပြည်
ဆိုတဲ့ခေါင်းစဉ်ကို ပဲဆွေးနွေးခဲ့ကြပါသည်။ (၄-၈-၂၀၁၂) ဆရာဖေမြင့်၊ (၁၁-၈-၂၀၁၂) ဆရာ မောင်ဝံသ၊
(၁၈-၈-၂၀၁၂) ဆရာ သန်းစိုးနိုင်၊ (၂၅-၈-၂၀၁၂) ဦးအေးကျော် {MHR} တို့ကလည်း အသင်းအဖွဲ့များ
၏ ပြုပြင်ပြောင်းလဲမှုနှင့် အနာဂတ်မြန်မာပြည် ဆိုတဲ့ခေါင်းစဉ်ကိုပင် ဆွေးနွေးသွားကြမည်ဟု
ဟောပြောပွဲကို စီစဉ်ကြသော တာဝန်ရှိသူ များက ပန်းဖလပ်ဖြင့်ထုတ်ဝေကြော်ငြာထားပါသည်။
ပထမဆုံးအကြိမ် ဆရာမ မသီတာ (စမ်းချောင်း) အသင်းအဖွဲ့များ၏ ပြုပြင်ပြောင်းလဲမှုနှင့်
အနာဂတ် မြန်မာပြည် ဆိုတဲ့ခေါင်းစဉ်ကို ဆွေးနွေးခဲ့ကြစဉ်အကြိမ်အခါက ဟောပြောဆွေးနွေးခဲ့တဲ့
ဟောပြောပွဲကို အကျဉ်းချုပ်နုတ်ထုတ်ပြရရင်……. "ကျွန်မတို့ လျှောက်ရမယ့်ခရီးက၊ပြေးရမယ့် ခရီးက
မာရသွန်ပါ၊ မာရသွန်လို မိုင်ပေါင်းများစွာ ပြေးရတော့မှာပါ…." "တစ်ချိန်တုန်းက လွယ်လွယ်နဲ့ ပိန္နဲပင်
ချိုခဲ့ကြတယ်… တစ်ခုခု အဆင်မပြေခဲ့ရင် စံနစ်ကြီးကို လက်ညိုးထိုးလိုက်ကြတယ်၊ အပေါ်ထပ်
အဆောက်အအုံကို လက်ညိုးထိုးလိုက် ကြတယ်၊ ကိုယ့်တာဝန်ကင်းသလို ဖြစ်ခဲ့ကြတယ်…
ဘယ်သူက မကောင်းလို့ပါ၊ ဘယ်ဝါက မကောင်းလို့ပါလို့ လက်ညိုးထိုးခဲ့ကြတယ်…"
"ကိုယ့်ရဲ့မူ ကိုယ့်ရဲ့ခံယူချက် ကိုယ့်ရဲ့စိတ်ကူးတွေကို မယိုင်မလဲကိုင်စွဲပြီးတော့ အကောင်းဆုံး
အဖြေရှာမယ် ဆိုတာမျိုးထက် တစ်ပွဲထိုး အဆင်ပြေအောင် ဦးတည်ခဲ့ကြတဲ့အတွက်ကြောင့်မို့လို့လဲ
စံနစ်ဟာ အဖက်ဖက်က ချို့ယွင်းခဲ့တယ်လို့ ကျွန်မမြင်ပါတယ်…"
"အကြီးမားဆုံး အားနည်းချက်တွေထဲမှာ ဘာပါသလဲလို့မေးရင် …ကျွန်မ နှစ်ခုပဲ ပြောပါတယ် နံပါတ်
( ၁ ) က စာမဖတ်ဘူး၊ နံပါတ် ( ၂ ) က သုတေသန မလုပ် ပါဘူး။"
( ၁ ) က စာမဖတ်ဘူး၊ နံပါတ် ( ၂ ) က သုတေသန မလုပ် ပါဘူး။"
"ကျွန်မနားလည်တဲ့ ပရဟိတ ဆိုတာ..လူတစ်ယောက်၊ အကူအညီမရတဲ့ အကူအညီမဲ့နေတဲ့ လူတစ်
ယောက်ကို သူ့ဖာသာသူ အားကိုးနိုင်သွားအောင် ကူညီတာပဲ ဖြစ်ပါလိမ့်မယ် " " သက်လုံကောင်းဖို့
ဆိုရင်…ကျွန်မတို့ ခုနကပြောတဲ့ စာဖတ်ဖို့နဲ့ သုတေသနလုပ်ဖို့က ကျွန်မတို့ရဲ့ သက်လုံပါပဲ…."
ယောက်ကို သူ့ဖာသာသူ အားကိုးနိုင်သွားအောင် ကူညီတာပဲ ဖြစ်ပါလိမ့်မယ် " " သက်လုံကောင်းဖို့
ဆိုရင်…ကျွန်မတို့ ခုနကပြောတဲ့ စာဖတ်ဖို့နဲ့ သုတေသနလုပ်ဖို့က ကျွန်မတို့ရဲ့ သက်လုံပါပဲ…."
ဖြည့်စွက်ဆွေးနွေးသူများ
"နိုင်ငံရေး လုပ်နေတဲ့သူတွေ …သူတို့မှာ အဓိက အရေးကြီးတာက နိုင်ငံရေးအင်အားတစ်ရပ်ရပ်ကို
ကြိုးစားနေတဲ့ အချိန်မှာ …. ကျွန်တော်နိုင်ငံရေး အတွေ့အကြုံ ရှိကောင်းရှိမယ်၊ ဒါပေမယ့် ပါဝါမရှိဘူး..
မရှိတဲ့အတွက် နိုင်ငံရေးသမားကြီးတွေကျန်ခဲ့တဲ့ဟာတွေ မလုပ်အားလို့ ကျန်နေတဲ့ဟာတွေကို
ကျွန်တော်လုပ်မယ်…" ကိုအေးသိန်း (ခ) ရန်နိုင်

"စိတ်ဓာတ်ရှိတယ်..အသိရှိတယ်.. လုပ်ခွင့်မရခဲ့ဘူး.. လုပ်ဖို့ပိတ်ထားတယ်၊ အဲသည်လိုမျိုး နှစ်ပေါင်း
လေးငါး ဆယ်… ဖြတ်သန်းခဲ့ရတယ်….." "အရေးကြီးတာက စိတ်ဓာတ်ပါ… စေတနာပါ…."
လေးငါး ဆယ်… ဖြတ်သန်းခဲ့ရတယ်….." "အရေးကြီးတာက စိတ်ဓာတ်ပါ… စေတနာပါ…."
မင်းဇေယျ ( ၈၈ - မျိုးဆက် ပွင့်လင်းကျောင်းသား )
"စိတ်ဓာတ်အရေးကြီးရုံနဲ့ ဒီခေတ်မှာ မရတော့ဘူးလို့ ကျွန်မတော့ ထင်တယ်၊အခြေအနေတွေကြောင့်
မပြောင်း လဲနိုင်ဘူး မတိုးတက်နိုင်ဘူးဆိုတဲ့ ဆင်ခြေတွေကို ဆက်ပြီး မသုံးစေချင်တော့ဘူး……."
မပြောင်း လဲနိုင်ဘူး မတိုးတက်နိုင်ဘူးဆိုတဲ့ ဆင်ခြေတွေကို ဆက်ပြီး မသုံးစေချင်တော့ဘူး……."
မခင်လေး (ရနံ့သစ်)
၂-၂၀၁၂ (စနေနေ့) ဒုတိယအကြိမ် ၁-၇ ဆရာ ကိုမြင့်ဇော်မှလည်း အသင်းအဖွဲ့များ၏ ပြုပြင်ပြောင်း
လဲမှုနှင့် အနာဂတ် မြန်မာပြည် ဆိုတဲ့ခေါင်းစဉ်ကို ဆွေးနွေးခဲ့ကြစဉ်အကြိမ်အခါက ဟောပြောဆွေးနွေး
ခဲ့တဲ့ဟောပြော ပွဲကို အကျဉ်းချုပ် နုတ်ထုတ် ပြရရင် …….
ခဲ့တဲ့ဟောပြော ပွဲကို အကျဉ်းချုပ် နုတ်ထုတ် ပြရရင် …….
"Civil Society ဆိုတဲ့ စကားလုံးကို … ကျွန်တော်တို့ဘာသာပြန်ကြပါတယ်… တစ်ချို့ကလည်း အရပ်
ဘက်လူ့အဖွဲ့အစည်း၊ အစိုးရမဟုတ်သော အဖွဲ့အစည်းလို့ ဘာသာပြန်တာရှိတယ်… ကျွန်တော်တို့ စိတ်ထဲ
မှာ ပေါ့လေ မခြုံငုံမိဘူးပေါ့… အစိုးရမဟုတ်သော အဖွဲ့အစည်းဆိုရင် အစိုးရကို ဖယ်ထားသလိုများဖြစ်နေ
မလား၊ အရပ်ဘက်အဖွဲ့အစည်းဆိုရင်.. အရပ်သားမဟုတ်တဲ့သူတွေကို ဖယ်ထားသလိုများဖြစ်နေမလား၊
ကျွန်တော်တို့ အနေနဲ့တော့ Civil Society ဆိုတဲ့ စကားလုံးကို ပြည်သူ့လူ့အဖွဲ့အစည်းဆိုတဲ့ စကားလုံးကို
သုံးနှုံးပါတယ်..""ကျွန်တော်တို့ အခုအချိန်မှာ.. မျှော်လင့်တဲ့အရာတွေကို ၀ိုင်းဝန်းဆွေးနွေးကြဖို့ အချိန်တန်
နေပြီဖြစ်တဲ့ အရာသည်…ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ပုံရိပ်ပါပဲ…"

"အနှစ်နှစ်ဆယ်လုံး ကျွန်တော်တို့ကို Growth နဲ့ မျက်စိလှည့်ထားတယ်.. အမှန်တကယ် ကျွန်တော်တို့
လိုအပ်တာ"Progress" အနှစ်နှစ်ဆယ်လုံးလုံး ကြီးထွားမှုကို တိုးတက်မှုဖြစ်သယောင် မျက်စိလှည့်ထား
တယ်.""ကျွန်တော်တို့လိုချင်တာ Growth လား၊ Progress လား၊ ဘယ်ကိုသွားချင်တာလဲ… အခုကတော့
တယ်.""ကျွန်တော်တို့လိုချင်တာ Growth လား၊ Progress လား၊ ဘယ်ကိုသွားချင်တာလဲ… အခုကတော့
စင်္ကာပူကပြန်ရင် စင်္ကာပူလိုဖြစ်ချင်တယ်…ဗီယက်နမ်က ပြန်ရင် ဗီယက်နမ် လိုဖြစ်ချင်တယ်.."
"Growth နောက်ကိုလိုက်ရင် ကျွန်တော်တို့ ပျော်စရာဖြစ်မယ်ထင်လို့လား… အဲဒီလို လိုက်နေမယ်ဆိုရင်
ကျွန်တော်တို့ မိအေးနှစ်ခါနာလိမ့်မယ်ထင်တယ်…"
"If not us, who? ကျွန်တော်တို့ကစပြီး မလုပ်ကြဘူးဆိုရင်.. ဘယ်သူလုပ်ကြမလဲ.." "If not now, when? အခုကစပြီး မလုပ်ကြဘူးဆိုရင်.. ဘယ်တော့ စကြမှာလဲ.."
ဖြည့်စွက်ဆွေးနွေးသူများ
" ကျွန်တော်တို့လူငယ်တွေအမြင်မှာတော့ တိုင်းပြည်ကြွယ်ဝချမ်းသာမှုဆိုတာ တိုက်တွေ၊ ကားတွေ၊
ဖုန်းတွေအဲကွန်းတွေနဲ့ အဆင့်အတန်းမြင့်မြင့် ဒီလိုမြင်ပါတယ်…..Growth မရှိဘဲနဲ့ Prosperity (သို့)
Progress ကို သွားလို့ရပါ့မလားပေါ့.. ဒီနှစ်ခုကို .. Compare လုပ်စရာမလိုဘူးလို့မြင်ပါတယ်တံတား
မဆောက် လမ်မ ဖောက်ဘဲနဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုတာ ကျွန်တော့အမြင်မှာ အလှမ်းဝေးတယ်လို့မြင်ပါတယ်"
ထက်ပိုင်အောင် (မြန်မာနိုင်ငံလူငယ်များ အစည်းအရုံး)
"သေချာတာတစ်ခုကတော့ ကျွန်တော်တို့အနာဂတ်မှာ ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ နေချင်တယ်.. နိုင်ငံတကာနဲ့
ရင်ဘောင်တန်းချင်တယ်.. ကျွန်တော်တို့ ချမ်းသာသင့်သလောက် ချမ်းသာချင်တယ်.. ဒါပေမယ့်
ဘန်ကောက် လို မြို့ကြီးမှာတော့ မနေချင်ဘူး…."
ဘန်ကောက် လို မြို့ကြီးမှာတော့ မနေချင်ဘူး…."
မိုးသွေး (G W)
"ကျွန်တော်တို့လူငယ်တွေရဲ့အိပ်မက်တွေ ခုန ဖုန်းတွေ လူတိုင်းကိုင်နိုင်တဲ့ဟာတွေကို ခင်ဗျာတို့က
အိပ်မက် လို့ပြောတယ်.. အဲဒါ သည်ဆရာမြင့်ဇော်ပြောတဲ့ Propoor policy နဲ့လည်း ဆိုင်လိမ့်မယ်..
အိပ်မက် လို့ပြောတယ်.. အဲဒါ သည်ဆရာမြင့်ဇော်ပြောတဲ့ Propoor policy နဲ့လည်း ဆိုင်လိမ့်မယ်..
မြန်မာပြည်သည် ဆင်းရဲလို့ ဖုန်းမကိုင်နိုင်တာ မဟုတ်ဘူး ဖုန်းမရှိလို့ ဆင်းရဲနေတာ…."
Dr. ကျော်သူ
အပြောင်းအလဲကို လိုလားတယ်၊ အပြောင်းအလဲကို မျှော်လင့်တယ်၊ အပြောင်းအလဲကို မြင်တွေ့ချင်
တယ်၊ အပြောင်းအလဲကို မြင်တွေ့ရစ ပြုလာပြီလို့ ခံစားမိတဲ့အချိန် ..ခံစားမိတဲ့အခိုက်အတန့်မှာ အနာတူရာ မိတ်ဆွေတွေနဲ့ အသင်းအဖွဲ့တွေစုဝေးပြီး အနာဂတ်မြန်မာပြည်အတွက် ဟောပြောတဲ့လူက ဟောပြောမယ် ပြီးရင်ဆွေးနွေးမယ် အမြင်ချင်း ဖလှယ်မယ် အဲဒီစိတ်ကူးနဲ့… အသင်းအဖွဲ့များ၏ ပြုပြင်ပြောင်းလဲမှုနှင့် အနာဂတ်မြန်မာပြည်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဆုံတွေ့ဖို့ ကျွန်တော်တို့ ကြိုးစားမိခြင်းပါ။

ဆွေးနွေးပွဲနှင့်ပတ်သက်၍ အကြံပေးလိုလျှင်ဖြစ်စေ၊ မေးမြန်းလိုလျှင်ဖြစ်စေ
အောက်ဖော်ပြပါ ဖုံးနံပါတ်များအား ဆက်သွယ်စုံစမ်းနိုင်ပါသည်။
ကိုကျော်စွာလင်း- ၀၁ ၅၄၄၄၀၂ ကိုမောင်မောင်စိုး - ၀၉ ၇၃၀၉၆၆၇၂
ကိုရဲဇင် - ၀၉ ၇၃၂၅၀၉၅၀ ကိုဘော်ဘီ- ၀၉ ၆၈၀၂၉၄၆