Saturday, July 14, 2012

မြန်မာနိုင်ငံအုပ်ချုပ်ရေးမှာ စစ်တပ်က မပါဝင်တော့ဟု သမ္မတ ဦးသိန်းစိန်ပြောကြား

၂၀၁၂-၇-၁၄
မြန်မာနိုင်ငံရဲ့  စည်းကမ်းရှိတဲ့ ဒီမိုကရေစီကို ဖေါ်ဆောင်နေတာက သူပါဘဲ။မြန်မာနိုင်ငံဟာ ပြောင်းလဲမှု
တွေနဲ့ အတူ စီးပွားရေး လူမှုရေး လူ့ အခွင့်အရေး ဥပဒေစိုးမိုးရေးနဲ့  ခေတ်နဲ့ မကိုက်ညီတဲ့ အခြေခံ ဥပဒေတွေကိုပြင်ဆင်ဖို့  သမ္မတကြီးပြောဆိုထားပေမဲ့ ယနေ့ အထိ အကောင်အထည် မဖေါ်ဆောင်နိုင်    သေးပါဘူး အပြောနဲ့ အလုပ်ညီဖို့ လဲ လိုအပ်ပါတယ်။

ဒီမိုကရေစီ အခွင့်အရေးတွေ တိုးတက်လာဖို့ ကအရေးကြီးပါတယ်။အမေရီကန်အနေနဲ့  ပြောင်းလဲမှု     တွေ  အပေါ် အခြေခံပြီး စီပွားရေးလျော့ပေါ့မှုတွေ လုပ်လာပါတယ်။သောကြာနေ့က ကမ္ဘောဒီးယား   နိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ စီးပွားရေး ညီလာခံကို တက်ရောက်နေစဉ်အတွင်း အမေရိကန် ထိပ်တန်း စီးပွားရေး ခေါင်းဆောင်များနဲ့  တွေ့ဆုံခဲ့ရာမှာ သမ္မတ ဦးသိန်းစိန်က ပြောဆိုခဲ့တာ ဖြစ်ပါ  တယ်။

မြန်မာနိုင်ငံမှာ အနှစ် ၅၀ တိုင်တိုင် စစ်တပ်က အာဏာရှင်မူဝါဒ ကျင့်သုံးအုပ်ချုပ်ခဲ့ပေမဲ့ ဒီမိုကရေစီ     စနစ် ခိုင်မာ အားကောင်းအောင် ရှေ့ဆက်တိုးသွားနေတာနဲ့ အမျှ အခုဆိုရင် နိုင်ငံ အုပ်ချုပ်ရေးပိုင်းမှာ စစ်တပ် မပါဝင်တော့တဲ့ အကြောင်း သမ္မတ ဦးသိန်းစိန်က မနေ့က ပြောကြားလိုက်ပါတယ်။

 အနှစ် ၅၀ တိုင်တိုင် စစ်တပ်က အာဏာရှင်မူဝါဒ ကျင့်သုံးခဲ့တယ်ဆိုတာ သမ္မတ ဦးသိန်းစိန်က ၀န်ခံ
ပြောဆိုခဲ့ပြီး စစ်တပ်က နိုင်ငံအနာဂတ်အတွက် အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေအုံးမယ်လို့  ဆိုထားပြီး  အုပ်ချုပ်ရေးပိုင်းမှာ မပါဝင်တော့ဘူးဆိုတော့ လွှတ်တော်အတွင်း ဒီမိုကရေစီမကျတဲ့     စစ်သားတမတ်သား အမတ်များကို အမြန်ဆုံးဖယ်ထုတ်နိုင်မှ စည်းကမ်းရှိတဲ့ ဒီမိုဒီမိုကရေစီ   ဖြစ်လာနိုင်မှဖြစ်ပါတယ်။